Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalအိန္ဒိယ၏ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်အောင်မြင်

အိန္ဒိယ၏ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်အောင်မြင်

ပြည်တွင်း၌ တီထွင်ထုတ်လုပ်ခဲ့သော တာဝေးပစ် အသံထက်မြန်သော ဟိုက်ပါဆောနစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု အိန္ဒိယက တနင်္ဂနွေနေ့(နိုဝင်ဘာ ၁၇) တွင် ထုတ်ဖော်ပြောကြားလိုက်ပြီး စစ်ဘက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ကာ ခေတ်မီနည်းပညာပိုင်ဆိုင်သည့် အနည်းငယ်သော နိုင်ငံအုပ်စုတွင် ပါဝင်လာခဲ့သည်။

တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့်အတူ ခေတ်မီတာဝေးပစ်ဒုံးကျည်များ တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် အိန္ဒိယကဲ့သို့ နိုင်ငံအချို့၏ အားထုတ်မှုများကြောင့် ဟိုက်ပါဆောနစ်လက်နက်များ ပိုင်ဆိုင်မှုတိုးလာမည့် ကမ္ဘာလုံးဆိုင်ရာ တွန်းအားကိုဖြစ်စေသည်။

နိုင်ငံပိုင် ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းမိတ်ဖက်များက တီထွင်ထုတ်လုပ်သည့် အိန္ဒိယဒုံးကျည်သည် လက်နက်ကိုင်တပ်ဖွဲ့အတွက် အကွာအဝေး မိုင် ၉၃၀ အထိ ဝန်(ထိပ်ဖူး) ကို သယ်ဆောင်ပေးသွားရန် ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ချက်တွင် အစိုးရက ပြောဆိုခဲ့သည်။

ပျံသန်းမှုအချက်အလက်အရ အောင်မြင်သော လမ်းကြောင်းပဲ့ထိန်းမှု၊ တိကျမှု မြင့်မားသော အကျိုးသက်ရောက်မှုတို့ကို အတည်ပြုခဲ့သည်ဟုလည်း ဆက်လက်ပြောဆိုခဲ့သည်။

ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို သြရစ်သျှပြည်နယ် အရှေ့ပိုင်း ကမ်းရိုးတန်းကမ်းလွန်ရှိ ဒေါက်တာ အေပီဂျေ အဗ္ဗဒူကလမ်ကျွန်းမှ စနေနေ့တွင် လုပ်ဆောင်ခဲ့ခြင်းဟု ဆိုခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်သ်ဆင်းက အဆိုပါ စမ်းသပ်မှုကို သမိုင်းဝင် အောင်မြင်မှုအဖြစ် X ပေါ်တွင် ရေးသားခဲ့ပြီး အိန္ဒိယသည် ယင်းကဲ့သို့ အရေးပါပြီး ခေတ်မီသော နည်းပညာများ ပိုင်ဆိုင်သည့် လက်ရွေးစင်နိုင်ငံများအုပ်စုတွင် ပါဝင်ခဲ့ပြီဟု ပြောဆိုခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071