Saturday, July 4, 2026

လာအို-မြန်မာ ချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ်...

ဗီယင်ကျန်း၊ ဇူလိုင် ၄ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို့၌...

နေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် နည်းပညာအဆိုပြုလွှာများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် တင်ဒါနည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင်...

YRYEA ၏ NextGen Career...

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region...

လာအိုရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ...
HomeNewsLocal Newsအိန္ဒိယဝန်ကြီးချုပ် မိုဒီ အင်ဒိုနီးရှား၊...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် နူးဇီလန်သို့ သွားရောက်မည်

ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှား၊ သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးအတွက် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြီးတန်းတာဝန်ရှိသူ ရူရန်ဒရာ တန်ဒွန်က ယခုခရီးစဉ်သည် အိန္ဒိယ၏ “Act East Policy” အရ အရှေ့ပိုင်းရေကြောင်းဒေသများနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုအလေးထားဆောင်ရွက်နေခြင်းကို ထင်ဟပ်စေကြောင်း ဇူလိုင် ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုဒီသည် ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျကာတာ၌ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ကာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပရမ်ဘာနန်ဘုရားကျောင်းသို့လည်း သွားရောက်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း ရေကြောင်းလုံခြုံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၁၀ ရက်တွင် သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့၌ ကျင်းပမည့် တတိယအကြိမ် အိန္ဒိယ-သြစတြေးလျ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သည့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်မှ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ခရီးစဉ်နောက်ဆုံးအဖြစ် ဇူလိုင် ၁၁ ရက်တွင် နူးဇီလန်နိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဆွန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ယခုနှစ် ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယ-နူးဇီလန် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) အကောင်အထည်ဖော်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များလည်း ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

Ref: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို-မြန်မာ ချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဆွေးနွေး

ဗီယင်ကျန်း၊ ဇူလိုင် ၄ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်း...

နေပြည်တော်စည်ပင် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် နည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်း/တံတား)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လမ်းနှင့်တံတားလုပ်ငန်း Lot(၁၅)ခုအတွက် တင်ဒါနည်းပညာအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ဇူလိုင် ၃ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ကော်မတီဝင် ဦးကျော်ကျော်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးတင်အောင်ငွေနှင့် တင်ဒါကော်မတီအဖွဲ့ဝင် ဌာနမှူးများ၊ တင်ဒါအဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တင်ဒါကော်မတီအတွင်းရေးမှူးက တင်ဒါလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များကို...

YRYEA ၏ NextGen Career and Opportunity Fair 2026 ရန်ကုန်တွင် စတင်ကျင်းပ

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region Young Entrepreneurs Association - YRYEA) က ကြီးမှူးစီစဉ်သည့် NextGen Career and Opportunity Fair 2026 ကို ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ရှိ Sedona Hotel (Grand Ballroom) ၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ Career Fair...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071