Saturday, July 4, 2026

YRYEA ၏ NextGen Career...

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region...

အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’...

လပေါ်မှာ သွားရောက်တာဝန်ထမ်းဆောင်မယ့် အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် မြေပြင်အ‌ခြေစိုက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ ဖက်ဒရယ်...

AFC Challenge League အတွက်...

ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ရန်ကုန်ယူနိုက်တက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ AFC Challenge League 2026-27 နှင့် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ အင်ဒိုနီးရှား၊ သြစတြေးလျနှင့်...

ဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှား၊ သြစတြေးလျနှင့်...
HomeNewsLocal Newsလာအိုရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု SME...

လာအိုရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လေ့လာကြည့်ရှု

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ Phontong Handicrafts Cooperation နှင့် CAMA Crafts သို့ သွားရောက်၍ လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

Phontong Handicrafts Cooperation ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာအိုရိုးရာပိုးမွေးမြူရေး၊ ပိုးချည်ထုတ်လုပ်မှု၊ သဘာဝဆိုးဆေးအသုံးပြုမှုနှင့် လက်ယက်ကန်းပညာတို့ကို ထိန်းသိမ်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လာအိုနိုင်ငံရှိ ကျေးရွာ (၃၅) ရွာမှ လက်မှုပညာရှင် (၄၅၀) ကျော် ပါဝင်သည့် ကွန်ရက်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

ထို့ပြင် CAMA Crafts သည် ကျေးလက်လက်မှုပညာရှင်များ၏ ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ပေးကာ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးမြှင့်ရေးနှင့် ရိုးရာလက်မှုပညာများ ရေရှည်ထိန်းသိမ်းနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများတွင် ထုတ်လုပ်သည့် ပိုးထည်များ၊ လက်ယက်အထည်များ၊ Batik လက်ရာများ၊ အိတ်များနှင့် အိမ်အလှဆင်လက်မှုပစ္စည်းများကို အများအားဖြင့် သဘာဝဆိုးဆေးများအသုံးပြု၍ လက်ဖြင့် ဖန်တီးထုတ်လုပ်လျက်ရှိပြီး ရိုးရာအမွေအနှစ်များကို ခေတ်မီဒီဇိုင်းများနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် လက်မှုပညာရှင်များ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရိုးရာပိုးထည်ယက်လုပ်မှုနှင့် ပြသထားသည့် လက်မှုပစ္စည်းအမျိုးမျိုးကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး Phontong Handicrafts Cooperation နှင့် CAMA Crafts တို့၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YRYEA ၏ NextGen Career and Opportunity Fair 2026 ရန်ကုန်တွင် စတင်ကျင်းပ

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေသူများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Yangon Region Young Entrepreneurs Association - YRYEA) က ကြီးမှူးစီစဉ်သည့် NextGen Career and Opportunity Fair 2026 ကို ဇူလိုင် ၄ ရက်က ရန်ကုန်မြို့ရှိ Sedona Hotel (Grand Ballroom) ၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ Career Fair...

အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ ရုရှားတည်ဆောက်

လပေါ်မှာ သွားရောက်တာဝန်ထမ်းဆောင်မယ့် အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် မြေပြင်အ‌ခြေစိုက် ‘လကမ္ဘာ လေ့ကျင့်ရေးကွင်း’ တစ်ခုကို ရုရှားနိုင်ငံက တည်ဆောက်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ ဖက်ဒရယ် ဆေးဘက်ဆိုင်ရာနဲ့ ဇီဝဗေဒအေဂျင်စီ (FMBA) က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြထားတာပါ။ "ကျွန်တော်တို့ FMBA ရဲ့ အာကာသဆေးပညာနဲ့ ဇီဝဗေဒဗဟိုဌာနဟာ ဒီလုပ်ငန်းခွင်ကို အထူးတလည် အကောင်အထည်ဖော်နေပြီး ဒါဟာ ရုရှားအာကာသစက်မှုလုပ်ငန်းရဲ့ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ ‘လကမ္ဘာစမ်းသပ်ကွင်း’ လို့ ပြောလို့ရမယ့် မြေပြင်အခြေစိုက် တူညီပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့...

AFC Challenge League အတွက် အားဖြည့်

ရုရှားတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို ရန်ကုန်ယူနိုက်တက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ AFC Challenge League 2026-27 နှင့် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် အသင်းအားဖြည့်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် သီရိလင်္ကာကလပ် Pelicans FC မှ ရုရှားနိုင်ငံသား ညာတောင်ပံကစားသမား ဒန်နီရယ်မူဆက်ကင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ဒန်နီရယ်မူဆက်ကင်သည် AFC Challenge League ပြိုင်ပွဲတွင် မွန်ဂိုလီးယားကလပ် SP Falcon အသင်းနှင့် နှစ်ရာသီဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အုပ်စုအဆင့်ပြိုင်ပွဲတွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် SP...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071