အိန္ဒိယနှင့် နီပေါနိုင်ငံ တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧပြီလ ၉ ရက်ေန့မှစတင်ကာ ယခုအထိ ေ-သဆုံးသူ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများက ပြောခဲ့ကြပြီး ဒေသတွင်း၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုသည် ပိုများလာနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းခဲ့သည်။
နိုင်ငံ၏ အနောက်ပိုင်းဒေသများတွင် အပူလှိုင်းအခြေအနေများ၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဧပြီလ ၉ ရက် နေ့တွင် နိုင်ငံအတွက် အန္တရာယ်မျိုးစုံ သတိပေးချက်ကိုထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဧပြီလ ၉ ရက် နေ့မှစကာ မိုးနှင့် ဆက်စပ်သော မတော်တဆဖြစ်ရပ်များကြောင့် ေ-သဆုံးသူဦးရေသည် ၆၄ ဦးထက်မနည်း ရှိခဲ့ပြီဟု ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးဌာနက ရိုက်တာကို ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံ၏ လူဦးအထူထပ်ဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်တွင် လူ ၂၀ ကျော် ေ-သဆုံးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက သတင်း ရေးသားဖော်ပြသည်။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်း နီပေါနိုင်ငံတွင် မိုးကြီးပစ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ ၈ ဦးထက်မနည်း ေ-သဆုံးခဲ့သည်ဟု နိုင်ငံတော် သဘာဝဘေး အာဏာပိုင်အဖွဲ့ အရာရှိများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီ ၁၂ နေ့ထိတိုင် မိုးသက်မုန်တိုင်းကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားမည်ဟု အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
