နူးဒေလီ၊မေ ၁၇
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဩဒိရှပြည်နယ်၌ သောကြာနေ့က မိုးကြိုးပစ်၍ လူ ၁၄ ဦး ထက်မနည်း ေ-သဆုံးကာ လူအချို့ ထိခို-က်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။
သောကြာနေ့ကသည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ်အတွင်းရှိနေရာအတော်များများကို ထိခို-က်ပျ-က်စီးစေခဲ့သည်ဟုလည်းဆိုပြီး အိန္ဒိယမိုးလေဝသဌာနကမူ မိုးသည်းထန်မှုကြောင့် မိုးကြိုးပစ်ခြင်းနှင့်လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံသည် နှစ်စဉ်နှစ်တိုင်း မုတ်သုံရာသီဝင်ချိန်၌ မိုးကြိုးပစ်ခြင်းကြောင့် လူများ ရာနှင့်ချီကာ ေ-သဆုံးလေ့ရှိသောနိုင်ငံလည်းဖြစ်သည်။
Source : ရှင်းဟွာ
