Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalအာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို...

အာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို ကမ္ဘောဒီးယားထောက်ခံ

ကမ္ဘောဒီးယားသည် မြန်မာအကျပ်အတည်းကို ဦးစားပေးဖြေရှင်းရန် ယခုနှစ် အာဆီယံသဘာပတိဖြစ်သည့် မလေးရှားကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) Retreat ကျင်းပရန်ရှိသည်။

မလေးရှားနိုင်ငံသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး ၁၉၆၇ ခုနှစ်က အဖွဲ့ကြီးကို စတင်တည်ထောင်ပြီးနောက် ပဉ္စမအကြိမ်အဖြစ်ဥက္ကဋ္ဌတာဝန်ယူခြင်းဖြစ်သည်။

အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားသည် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းခြင်းအပါအဝင် အဓိကစိန်ခေါ်မှုများအတွက် ဦးစားပေးအဖြေရှာရမည်ဟု အန်ဝါက ယမန်နေ့က ပြောကြားခဲ့ကြောင်း The New Straits Times က ဖော်ပြခဲ့သည်။

“ကမ္ဘောဒီးယားအနေနဲ့ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ မြန်မာနိုင်ငံက ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ အာဆီယံမိသားစုကို ကူညီပေးဖို့ ကမ္ဘောဒီးယားက အဆင်သင့်ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ကမ္ဘောဒီးယားနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် သက်ဆိုင်သူအများအပြားနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလိုအပ်ဆုံးသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရန် Sounry က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုမှ ပထမဆုံးသော နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ .

Ref:ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071