Saturday, April 11, 2026

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန်...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ်...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...
HomeInternationalအာဆီယံသည်မတည်ငြိမ်မှုကိုခံနိုင်သည့်ကြံ့ခိုင်မှုရှိ--အန်ဝါအီဘရာဟင်မ်

အာဆီယံသည်မတည်ငြိမ်မှုကိုခံနိုင်သည့်ကြံ့ခိုင်မှုရှိ–အန်ဝါအီဘရာဟင်မ်

အာဆီယံသည် အင်အားကြီးနိုင်ငံများ၏ ထင်ရာစိုင်းသည့် လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကို ခုခံကျော်လွှားရန် လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင်မ်က ယနေ့(မေလ ၂၆) ရက် နေ့တွင် ပြောကြားလိုက်သည်။

ဒေသသည် အားလုံးပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပွင့်လင်းသော ကုန်သွယ်မှုတို့ကို အမြဲအားထားလက်ကိုင်ပြုကြောင်း၊ သို့ရာတွင် အောင်မြင်မှုများသည် ယခုအခါ ခြိမ်းခြောက်ခံနေရကြောင်း (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် အန်ဝါက ပြောကြားခဲ့သည်။

အာဆီယံအတွက် မိမိတို့၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့သည် ပွင်းလင်းမြင်သာသော၊ အများပါဝင်သော၊ စည်းမျဉ်းအခြေပြု နိုင်ငံတကာအစီအစဉ်အပေါ် အမှီပြုပြီး လွတ်လပ်စွာကုန်စည်စီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူထုအပေါ် အခြေပြုကြောင်း သူက ပြောကြားခဲ့သည်။

“ဒီအခြေခံ အုတ်မြစ်တွေဟာ မတရားသောလုပ်ရပ်တွေအောက်မှာ ယနေ့ ဖြိုဖျ-က်ခံနေရပါတယ်” ဟု သူက ဆိုသည်။

“သို့သော်လည်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ မသေချာမရေရာမှု လှိုင်းကြမ်းလေထန်တွေကို အာဆီယံရဲ့ ခိုင်ခန့်မြဲမြံတဲ့စွမ်းအားနဲ့ ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ဦးမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်” ဟု အန်ဝါက ဆက်လက် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌဖြစ်သည်။

ဧပြီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချမှတ်ခဲ့သော “လွတ်မြောက်ရေးနေ့” သွင်းကုန်ခွန်စည်းကြပ်မှုများတွင် အရှေ့တောင်အာရှနိုင်ငံများသည် အပြင်းထန်ဆုံး စည်းကြပ်ခံရသောနိုင်ငံများတွင် ပါဝင်ခဲ့သည်။

Ref: မလေးမေးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ နောက်ဆုံးထုတ်ဝေသော စီးပွားရေး အစီရင်ခံစာတွင် ဧပြီလ ၁၀ ရက်က ဖေါ်ပြထားသည်။ တိုးတက်မှုကို ပြန်လည်ရုန်းထနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ဖြင့် ပံ့ပိုးပေးထားပြီး ပြင်ပအခြေအနေများ တိုးတက်ကောင်းမွန်လာကာ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးကုန်ထုတ်စွမ်းအားကို ဆက်လက်မြှင့်တင်နိုင်သောကြောင့် တိုးတက်မှုနှုန်းသည် 2027 ခုနှစ်တွင် 5...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ဒီနေ့နိုင်ငံမှာတွေ့ကြုံနေရတာက အများစုဟာတည်ဆဲဥပဒေတွေကို နားလည်မှုနည်းပါးတာ၊ အလေးဂရုမပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို တွေ့ရပါတယ်။ ပြည်သူအားလုံး ဥပဒေကိုသိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီးအေးချမ်းသာယာကြမှာပါ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် ဥပဒေများကို သိရှိလိုက်နာတတ်စေရန် ကျောင်းနေစဉ်ကပင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး ပညာရေးအားနည်းပါက တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာ အားနည်းလာမည်ဖြစ်၍ အခြေ ခံပညာကျောင်းများတွင် ဥပဒေအခြေခံများကို အထက်တန်းအဆင့်၌သင်ကြားပေးနေကာ ပြည်နယ်/တိုင်းတက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့(ဥပဒေ)ပေးနိုင်ရန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟု...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ ယစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ ရေကောင်းရေသန့်ရရှိရန်စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လိုအပ်ပြီး လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည်ဟု ပြောသည်။ နိုင်ငံတွင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကာ ဆောင်ရွက်ဆဲစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရသော၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071