Wednesday, May 13, 2026

ပုသိမ်တွင် 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ...

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ...

ဧရာဝတီတိုင်းအတွင်း Football For School...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက်အတွင်း ကျပ် ၁၇၁...

ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ရက် (မေ ၁၂ ရက်) အတွင်း ကျပ် ၁၇၁ သန်းကျော်အထိ တန်ဖိုးရှိသည့် စတော့ရှယ်ယာ ၂၉,၀၀၀ ကျော်...
HomeMoviesအာဆီယံမိသားစုဖွံ့ဖြိုးရေးညီလာခံတွင် မြန်မာပါဝင်တက်ရောက်၊ လူမှုကာကွယ်စောင့်ရှောက်ရေး...

အာဆီယံမိသားစုဖွံ့ဖြိုးရေးညီလာခံတွင် မြန်မာပါဝင်တက်ရောက်၊ လူမှုကာကွယ်စောင့်ရှောက်ရေး ပိုမိုခိုင်မာစေရန် တိုက်တွန်း

ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ ၂၀၂၆ ခုနှစ် မေ ၁၂ ရက်မှ ၁၄ ရက်အထိ Video Conference စနစ်ဖြင့် ကျင်းပလျက်ရှိသည့် အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (AMMSWD) ၏ ဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသအတွင်း မိသားစုများ၏ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အားလုံးပါဝင်နိုင်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပိုမိုအားကောင်းလာစေရေး အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိခိုက်လွယ်အုပ်စုများအတွက် မိသားစုဗဟိုပြု မူဝါဒများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ပိုမိုလက်လှမ်းမီစေရန် ပေါင်းစပ်ချဉ်းကပ်မှုများ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့် ဘန်ဒါဆရီဘီဂါဝမ်ကြေညာချက်တို့သည် မိသားစုများ ပိုမိုခိုင်မာအားကောင်းစေရေးအတွက် အရေးပါသည့် ကတိကဝတ်များဖြစ်ကြောင်းလည်း ဆိုသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုသိမ်တွင် 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း စတင်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar Power Generation Project ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ စီမံကိန်းမှ လစဉ် 30MW ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေ၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုနှင့် အကောင်အထည်ဖော်မည့် အချိန်ကာလများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၇...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသည့် သတ်မှတ်ထားသော ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများအလိုက် ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ခေါ်ဆောင်၍ လာရောက်အပ်နှံရမည်ဖြစ်ပြီး မေလ တတိယပတ်အတွင်း ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွေးချယ်ခံရသူများအနေဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် (၅) ရပ်အပြင် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကိုလည်း လေ့ကျင့်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းများမှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း...

ဧရာဝတီတိုင်းအတွင်း Football For School Program လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071