ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် လီယွန်နယ် မက်ဆီ (Lionel Messi) သည် အာဂျင်တီးနား နိုင်ငံလက်ရွေးစင်အသင်းမှ တရားဝင် အနားယူပြီဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာက ယနေ့ ဩဂုတ် ၃၁ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သော မက်ဆီသည် ပြီးခဲ့သည့် ဇူလိုင်လက ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းကို ၁ ဂိုး ၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် အခုကဲ့သို့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အာဂျင်တီးနားအသင်းနှင့်အတူ ၂၁ နှစ်တာ နိုင်ငံတကာကစားသမားဘဝအတွင်း မက်ဆီသည် ၂၀၇ ပွဲ ကစားပေးခဲ့ပြီး ၁၂၅ ဂိုး သွင်းယူကာ အသင်း၏ ပွဲအများဆုံးနှင့် ဂိုးအများဆုံး သွင်းယူသူအဖြစ် စံချိန်တင် ရပ်တည်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် အာဂျင်တီးနားအသင်းကို ဦးဆောင်ကာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့်အတူ ကိုပါအမေရိကဖလား (၂) ကြိမ် (၂၀၂၁၊ ၂၀၂၄) ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
