ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံမှုမှာပြန်လည်ကျဆင်းလာပြီဖြစ်၍ သန့်ရှင်းရေးပြုလုပ်ခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့ သြဂုတ် ၃၁ ရက်တွင် အ.ထ.က(အိုင်သပြု)ကျောင်းရှိ စာသင်ခန်းများနှင့် ကျောင်းဝင်းအတွင်းတို့၌တင်ကျန်ခဲ့သည့် ရွှံ့နွံများ၊ အမှိုက်သရိုက်များကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
