ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည် ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ဘားအံမြို့၏စိုးရိမ်ရေမှတ်အ ထက်(၈၇)စင်တီမီတာကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ဘားအံမြို့၏စိုးရိမ်ရေမှတ်မှာ (၇၅၀)စင်တာမီတာဖြစ်ပြီး လက်ရှိအချိန်၌ (၈၃၇)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးအနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများစတင်ဖြစ်ပေါ်လာလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် ရေဝင်နိုင်သည့်နေရာများတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ သတိပေးချက်များကို အလေးထားလိုက်နာကာ လိုအပ်သောကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
