Tuesday, September 15, 2026

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch)...

AI ကို ထိန်းချုပ်ဖို့အတွက် IQ...

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို...
HomeEntertainmentBusinessအသက် ၃ဝ ကျော်ရင်...

အသက် ၃ဝ ကျော်ရင် အမေရိကားမှာစီးပွားရေး လုပ်ငန်း သွားရောက် လုပ်ကိုင် မယ့်ဘေဘီမောင်

သရုပ်ဆောင်ဘေဘီမောင်က အနုပညာအလုပ်အပြင် စီးပွားရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါ တယ်။ အခုလက်ရှိသူ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကတော့ ဖက်ရှင်ဆိုင် နဲ့အလှပြင်ဆိုင်တို့ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ထပ် လည်း တိုးချဲ့ပြုလုပ် သွားမယ့် စီးပွားရေးလုပ်ငန်းတွေရှိသလို သူ့အသက် ၃ဝ ကျော်ရင်လည်း အမေရိကားကို သွားရောက်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ကိုင်ဖို့ ရှိကြောင်း ဘေဘီမောင်ကပြောပါတယ်။

“ညီမ အမေရိကားမှာ အလုပ်သွားလုပ်မှာ မဟုတ်ဘူး။ကိုယ်တိုင် ကိုယ့် စီးပွားရေးကို သွားလုပ်မှာပါ။ ဟိုမှာ မြန်မာနိုင်ငံအနေနဲ့ ဘာစီးပွား ရေးလုပ် လို့ရမလဲ ဆိုတာမျိုးလေးပေါ့။ အဒေါ်တွေကလည်း ဟိုမှာရှိနေ တယ်။ သူတို့က လည်း အဲဒီမှာ ဆူရှီဆိုင်တွေဖွင့်ထားတယ်။ အဲဒီလိုဆို တော့ ကိုယ်လည်း ဟိုမှာဆိုင်ဖွင့်ဖို့ ရည်ရွယ်တာပါ။ အမေရိကားမှာက ဆူရှီဆိုင်တော်တော်များများ ဖွင့်ကြတာရှိတယ်။ ညီမလည်း ဆူရှီဆိုင်ပဲ ဖြစ်မလား၊ ဒါမှမဟုတ် သူတို့တွေ မြန်မာနိုင်ငံက ဘယ်အစားအစာတွေ ကြိုက်နှစ်သက်လဲ။ အဲဒါမျိုးတွေ လေ့ လာပြီးလုပ်သွားမယ်။အခုလောလောဆယ်တော့ အမေရိကားက အဒေါ်နဲ့ တိုင်ပင်နေတယ်”လို့ ပြောပြပါတယ်။ ခုချိန်မှာ သူ့အသက်က ၂၇ နှစ်ရှိ သွား ပြီဖြစ်တဲ့အတွက် ဒီ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့က နောက် ၃ နှစ်သာလိုပါတော့တယ်။ ဒီ့အတွက် သူဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကို ဘေဘီမောင် က…

“ပိုက်ဆံတော့ များများ စုဆောင်းထားရတာပေါ့။ ပြီးတော့ ကိုယ်က ပညာတတ်ကြီး မဟုတ်တဲ့ အခါကျတော့ စာတွေပြန်ပြီး လေ့လာနေရတယ်။ ကိုယ်လုပ်ကိုင်မယ့် စီးပွားရေးအတွက်က ဟိုမှာလူခံရှိတဲ့အခါကျတော့ နည်း နည်းအဆင်ပြေပါတယ်။ လိုအပ်မယ့်အရာ အားလုံးအတွက်ကိုလည်း အဒေါ်နဲ့ တိုင်ပင်နေပါတယ်။ အခုလို အမေရိကား မှာ စီးပွားရေးသွား ရောက်လုပ်ကိုင် မယ်ဆိုတာကလည်း တစ်ရွာမပြောင်း သူ ကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်း ရော၊ ပြီးတော့ မိဘတွေ မောင်လေး၊ ညီမလေးတွေကို ဒီထက်ကောင်းကောင်း မွန်မွန်ပြည့်ပြည့်စုံစုံနဲ့ ထားချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ပြီးတော့ ညီမက စွန့်စားပြီး လုပ်ကိုင်ရတဲ့ အလုပ်ကို သဘောကျတဲ့အတွက်ကြောင့်ပါ” လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071