Monday, June 8, 2026

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင်...

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း...

သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်နေ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရန်...

FDA က Risk Based...

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားသည့် လုပ်ငန်းများအား “Risk Based Inspection and...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဓမ္မာရုံလမ်းထောင့်၌ သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ...
HomeNewsLocal Newsအလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား...

အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထား

ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရန်ကုန်မြို့တော်စည်ပင်က ရေစီးရေလာကောင်းမွန်ရေးအတွက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ ရေနုတ်မြောင်း၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာရေမြောင်း၊ ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်းရှိ အောင်ချမ်းသာရေနုတ်မြောင်းတို့အတွင်း၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များကိုဆယ် ယူရှင်းလင်းထားကြောင်း သိရသည်။

ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်လည်း မြေယာရှုခင်းများဆောင်ရွက်ရန်မြေပြုပြင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားမှုနှင့် မြေပြုပြင်နေမှုတို့အား ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်က ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းများထံမှ သိရသည်။ ကွမ်ကျိုး-ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြေးဆွဲလျက်ရှိသည့် China Southern Airlines သည် လက်ရှိ နေ့စဉ်ပျံသန်းပြေးဆွဲနေရာမှ ဇွန်လ ၁၅ ရက်နေ့စတင်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ထပ်မံခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းသို့ တိုးချဲ့ပြေးဆွဲပြီးနောက် ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် စုစုပေါင်း...

သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်နေ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေပြီး အပြည့်အဝ လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား (၁၁၈.၉) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ရေနွေးငွေ့တာဘိုင် (Steam Turbine) တစ်လုံးနှင့် ဂတ်စ်တာဘိုင် (Gas Turbine) နှစ်လုံး တပ်ဆင်ထားပြီး ရေနွေးငွေ့တာဘိုင်ကို ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးထားကြောင်း သိရသည်။ လက်ရှိတွင် စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဂတ်စ်တာဘိုင်တစ်လုံးကို တရုတ်နိုင်ငံ၌ ပြင်ဆင်နေပြီး...

FDA က Risk Based Inspection System ဖြင့် အစားအသောက်လုပ်ငန်းများကို ဇွန် ၁၅ ရက်မှ စတင်စစ်ဆေးမည်

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားသည့် လုပ်ငန်းများအား “Risk Based Inspection and Certification System” အရ ဘေးအန္တရာယ်ဖြစ်နိုင်ခြေအပေါ် အခြေခံသည့် နမူနာကောက်ယူစစ်ဆေးမှုများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ FDA အနေဖြင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် (လုပ်ငန်းသစ်/သက်တမ်းတိုး) လျှောက်ထားလာသော လုပ်ငန်းများကို ညွှန်ကြားချက် (၆/၂၀၂၅) နှင့်အညီ ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ထောက်ခံချက်ထုတ်ပေးပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071