Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeCelebrities' Newsအရင်ကအောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုပြီး...

အရင်ကအောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်သီဆိုပြီး အမှတ်တရအနေနဲ့ အခွေထုတ်ချင်သူတေးသံရှင်ကြီး ထား

တေးသံရှင်ကြီး ဖြူသီရဲ့ စီးရီး အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို တေး သံရှင်ကြီးထားလည်း တက်ရောက်ခဲ့ ပါတယ်။ တေးသံရှင်ကြီးအန်တီထား အနေနဲ့လည်း သူ့သူငယ်ချင်းဖြစ်တဲ့ အန်တီဖြူသီ တေးစီးရီးခွေထွက်တဲ့ အခါမှာ သူလည်းအခွေ ထွက်ချင်တဲ့ စိတ်တွေပြင်းပြလို့လာခဲ့ပါပြီ။ သူ့စီးရီး ခွေကတော့ စီစဉ်နေတာတော်တော် ကြာခဲ့ပြီဖြစ်ပြီး သားဖြစ်သူဇော်ဝင်းထွဋ် က စီးရီးခွေထုတ်ပေးမယ့်အချိန်ကို စောင့်နေတာဖြစ်တယ်လို့လည်း သိရ ပါတယ်။

“နဝရတ်စတူဒီယိုမှာအသံသွင်း ထားတာ။ ညီထွဋ်ပဲဦးဆောင်ပြီး လုပ်ပေးတာပဲ။ မထွက်တာမထွက်ဖြစ် တာလေ။ အကြောင်းကြောင်းကြောင့် ပေါ့လေ။ သူလည်းအလုပ်တွေရှုပ် နေတာနဲ့ အန်တီ့အခွေဆီကို အလှည့် ပြန်မရောက်တော့ဘူး။ သူ့ကိစ္စတွေနဲ့ သူရှုပ်ပြီး အခွေမထုတ်ဖြစ်တာ။ အ ခွေက တော်တော်တောင်ကြာနေပြီ”လို့ အခွေနဲ့ပတ်သက်လို့ အန်တီထား ကပြောပြပါတယ်။ တေးသံရှင်ကြီး ထားအနေနဲ့ တေးသီချင်းပေါင်းများ စွာကို သီဆိုခဲ့တဲ့ အဆိုတော်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် လည်း သူ့သီချင်းတွေကို အမှတ်တရ အနေနဲ့ ပြန်လည်သီဆိုထုတ်ဝေဖို့ စိတ်ကူးရှိမလားလို့ ဆက်မေးတော့

“စိတ်ကတော့ရှိတာပေါ့။ ဟို တုန်းကတော့ကလေးအသံနဲ့ပေါ့။ အ ခုကတော့လူကြီးအသံနဲ့ပေါ့ကွယ်။အဲဒီလိုပြန်ဆိုပြီး ပြန်လုပ်မလားလို့ စိတ်ကူးတော့ရှိတယ်။ အားလုံးက လည်း အားပေးတော့ စိတ်ကလည်းနည်းနည်းတော့ပါလာတာပေါ့။ အ ခွေထွက်ဖို့အတွက်ကိုတော့ ကြိုး စားရတော့မှာပေါ့နော်။ ကိုယ့်သီချင်း လေးတွေကို ကိုယ်ပြန်ပြီးတော့ ဆို မယ်။ အခုချက်ခြင်းကို စိတ်ကူးပေါက် လာရတယ်++လို့ သီချင်းဟောင်းတွေကို အမှတ်တရအနေနဲ့ ပြန်လည်ထုတ် ချင်တဲ့ သူ့ရဲ့စိတ်ကူးကို တေးသံရှင်ကြီး ထားက ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း တေးသံရှင်ကြီးထား ရဲ့ပရိသတ်တွေအနေနဲ့ သူ့ရဲ့တေး သီချင်းဟောင်းတွေနဲ့ သီချင်းသစ်တွေ ကို နားဆင်ရဖို့ သိပ်မကြာတော့ဘူး လို့ပဲ ဆိုရတော့မှာပါ။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071