ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လမ်းလျှောက်နေသော အမျိုးသား (၁)ဦးကိုကားဖြင့်ဝင်တို-က်မိပြီး အမြန်လမ်းရဲတပ်ဖွဲ့ထံသတင်းပေးပို့ရန်ပျ-က်ကွက်ခဲ့သည့် အဝေးပြေးခရီးသည်တင်(Express)ယာဥ်မောင်းအားအမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၇၇/၇ နှင့် ၁၇၈/၀ ကြား(နေပြည်တော်မှရန်ကုန်ဘက်) (အပြန်လမ်း)တွင် အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အသက်(၄၅)နှစ်ခန့် အမျိုးသား(၁)ဦးယာဥ်တို-က်ခံရသည့်အနေအထားဖြင့်လမ်းအလယ်၌လဲကျေ-သဆုံးနေသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ေ-သဆုံးသူအားဝင်တိုက်မိခဲ့သောယာဥ်သည် “စွမ်းထက်သာ”အဝေးပြေးခရီးသည်တင် (Express)ယာဉ်လိုင်းမှ ယာဉ်မောင်းအောင်ချို(၃၆)နှစ်မောင်းနှင်လာသော အဝေးပြေးခရီးသည်တင်ယာဥ်ဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းအား နီးစပ်ရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်း/ရဲကင်းသို့ သတင်းပို့ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ကိုစစ် ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဖြူးတိုးဂိတ်၌ ယင်း အဝေးပြေးခရီးသည်တင်ယာဥ်သည် ကားလေကာမှန်ကွဲခြင်းနှင့် ညာဘက်မီးလုံးကွဲနေခြင်းတို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများကစစ်ဆေးရာမှ ဖြစ်စဥ်အားထပ်မံဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့သို့ ဖော်ထုတ်သိရှိခဲ့ရသဖြင့် ယာဥ်တို-က်မှုဖြစ်ပွားစဥ်ယာဥ်ကိုရပ်တန့်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံသတင်း ပို့အစစ်ဆေးခံရန်ပျ-က်ကွက်ခဲ့သော ယာဥ်မောင်းအား ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမြန်လမ်းပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားပါက နီးစပ်ရာအမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲကင်း/ရဲစခန်းများသို့မဖြစ်မနေအမြန်သတင်းပို့ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ခဲ့သည်။
