Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...
HomeInternationalအမေရိက၏ ဗီဇာရုပ်သိမ်းမှု ဂရုမစိုက်ပါ--ကိုလံဘီယာသမ္မတ

အမေရိက၏ ဗီဇာရုပ်သိမ်းမှု ဂရုမစိုက်ပါ–ကိုလံဘီယာသမ္မတ

သူ့၏ ပြည်ဝင်ခွင့်ဗီဇာကို ရုပ်သိမ်းခဲ့သည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုက ပယ်ချခဲ့ပြီး အစ္စရေး၏ ဂါဇာစစ်ပွဲကို မိမိကဝေဖန်ခဲ့မှုအတွက် ဝါရှင်တန်က နိုင်ငံတကာဥပဒေကို ချိုးဖေ-ာက်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

“အမေရိကန်ပြည်ထောင်စုကို သွားဖို့ ဗီဇာမရှိတော့ပါဘူး။ ငါ ဂရုမစိုက်ပါဘူး။ ဗီဇာမလိုပါဘူး၊ ဘာလို့လည်းဆိုတော့ ငါက ကိုလံဘီယာနိုင်ငံသားတစ်ဦးသာမက ဥရောပသားတစ်ဦးလည်ဖြစ်တယ်။ ကမ္ဘာမှာ လွတ်လပ်တဲ့ လူတစ်ယောက်လို့ ငါ့ကိုယ်ငါ တကယ်ပဲ ယူဆတယ်” ဟု ပက်ထရိုက စနေနေ့တွင် ဆိုရှယ်မီဒီယာပေါ်၌ ပြောကြားခဲ့သည်။

“လူမျိုးတုံး သ-တ်ဖြတ်မှုကို ရှုတ်ချလို့ ဗီဇာရုပ်သိမ်းလိုက်တာက အမေရိကဟာ နိုင်ငံတကာဥပဒေကို မလေးစား တော့ဘူးဆိုတာကို ပြလိုက်တာပဲ” ဟုလည်း ၎င်းက X ပေါ်တင်ခဲ့သော ပို့စ်တွင် ဆက်လက် ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ လုပ်ရပ်များသည် လူမျိုးတုံးသ-တ်ဖြတ်မှုကို ကျူးလွန်ရာ ရောက်သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုတစ်ရပ်က ပြောကြားခဲ့သော်လည်း အစ္စရေးက ယင်းကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး မိမိကိုယ်ကိုယ်မိမိကာကွယ်ရန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပက်ထရိုသည် ကြာသပတေးနေ့က ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ယူအင်န်ရုံးချုပ်အပြင်ဘက်ရှိ ပါလက်စတိုင်းကိုထောက်ခံ ဆန္ဒပြသူများကို မိန့်ခွန်းပြောကြားခဲ့ရာ၌ ပါလက်စတိုင်းလွတ်မြောက်ရေးကို ဦးစားပေးရန် ကမ္ဘာလုံးဆိုင်ရာလက်နက်ကိုင်တပ်ကို တောင်းဆိုခဲ့ပြီး အမေရိကန်စစ်သားများအနေဖြင့် လူတွေကို ‌ေ-သနတ်နှင့် မချိန်ရွယ်ရန်၊ ထရမ့်ပ်၏ အမိန့်ကို မနာခံရန်နှင့် လူသားဆန်သောအမိန့်များကိုသာနာခံရန် တို-က်တွန်းသွားခဲ့သည်။

ပက်ထရို၏ မဆင်မခြင်နှင့် သွေးထိုးလှုံ့ဆော်သောလုပ်ရပ်များကြောင့် ၎င်း၏ ဗီဇာကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက X ပေါ် ပို့စ်တင်၍ ပြောကြားခဲ့သည်။

Ref: သည်ဂါးဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071