Tuesday, September 1, 2026

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်

နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း...

မိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက် သမိုင်းဝင်...

မိတ္ထီလာ၊ စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ...

ငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန် Base...

မန္တလေး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန်အတွက် Base Isolation System...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ...
HomeInternationalအမေရိကန် ရေတပ်သားတွေ Soi...

အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို့ ပတ္တယား အာဏာပိုင်တွေ တားမြစ်

အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ့ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ အမေရိကန် ရေတပ်စစ်သည်တွေကို Soi 6၊ Soi 6/1 နဲ့ Soi 7 လမ်းတွေထဲ ဝင်ခွင့်မပြုပဲ ပတ္တယား အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။

​ဒီခရီးစဉ်မှာ အမေရိကန် ရေတပ်စစ်သည် ၅,၀၀၀ ကျော် လာရောက်ဖို့ရှိပြီး၊ ၃,၀၀၀ လောက်ကတော့ ပတ္တယား ဘက်ကို လာပြီး ညအိပ်တည်းခိုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

​ဒါ့အပြင် အမေရိကန် စစ်သည်တွေကို ဆေးခြောက်ဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ ရေပြင်အားကစား/အပန်းဖြေတာတွေကိုလည်း သွားရောက်ခွင့် ပိတ်ပင်ထားပါတယ်။ Walking Street ကိုတော့ သွားလို့ရပေမဲ့ မနက်အစော ၂ နာရီမှာ အပြီးထွက်ပေးရမှာပါ။

​အာဏာပိုင်တွေက ဆိုင်ပိုင်ရှင်တွေကိုလည်း ဈေးနှုန်းတွေကို မတန်တဆ မတောင်းဘဲ တရားမျှတစွာ ယူကြဖို့နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ မရှိရအောင် တင်းတင်းကြပ်ကြပ် တားဆီးကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်

နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။ ရေဘေးသင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ အကူအညီပေးရန် နီပေါနိုင်ငံက တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စေလွှတ်ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဝန်ကြီးဌာနနှင့် မီးသတ်ဌာနမှ အရာရှိများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့သည် အင်္ဂါနေ့တွင် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ၁၀ ရက်ခန့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံပြီးနောက်တွင်...

မိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စက်တင်ဘာ ၁၉ ရက်တွင်စတင် ကျင်းပမည်​

မိတ္ထီလာ၊ စက်တင်ဘာ ၁ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။​ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲ၊ ဈေးဆိုင်တန်း အရောင်းဆိုင်များ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။​ ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း နေရာချထားပေးသည့် ဖောင်တော်ဦးစေတီတော်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံစေတီအနီး၊ နန်းတော်ကုန်းရပ်ကွက်နှင့် မိတ္ထီလာမြောင်းကန် အနီးအနားများတွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း...

ငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန် Base Isolation System နည်းပညာအသုံးပြုသည့် အဆောက်အအုံတစ်လုံး မန္တလေးမြို့တွင် ပထမဆုံးအကြိမ် စတင်တည်ဆောက်

မန္တလေး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန်အတွက် Base Isolation System နည်းပညာကို အသုံးပြုသည့် အဆောက်အအုံတစ်လုံးကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ Base Isolation System သည် ငလျင်လှုပ်ခတ်သည့်အခါ မြေပြင်၏ လှုပ်ရှားမှုကို အဆောက်အအုံသို့ တိုက်ရိုက်မရောက်ရှိစေရန် အဆောက်အအုံ၏ အခြေခံအုတ်မြစ်နှင့် အဆောက်အအုံကို သီးခြားခွဲထုတ်ပေးသည့် ငလျင်ဒဏ်လျှော့ချရေးနည်းပညာတစ်ရပ်ဖြစ်ကြောင်း သိရသည်။ အဆိုပါအဆောက်အအုံ၏ ပန္နက်တင်အခမ်းအနားကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071