Tuesday, September 1, 2026

အမေရိကန် ရေတပ်သားတွေ Soi 6...

အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ့ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ...

ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်...

နေပြည်တော်၊ စက်တင်ဘာ ၁ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၄၃၂,၁၅၀ ဝယ်ယူတင်သွင်း...

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ်...

တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်)...
HomeNewsLocal Newsငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန်...

ငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန် Base Isolation System နည်းပညာအသုံးပြုသည့် အဆောက်အအုံတစ်လုံး မန္တလေးမြို့တွင် ပထမဆုံးအကြိမ် စတင်တည်ဆောက်

မန္တလေး၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန်အတွက် Base Isolation System နည်းပညာကို အသုံးပြုသည့် အဆောက်အအုံတစ်လုံးကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Base Isolation System သည် ငလျင်လှုပ်ခတ်သည့်အခါ မြေပြင်၏ လှုပ်ရှားမှုကို အဆောက်အအုံသို့ တိုက်ရိုက်မရောက်ရှိစေရန် အဆောက်အအုံ၏ အခြေခံအုတ်မြစ်နှင့် အဆောက်အအုံကို သီးခြားခွဲထုတ်ပေးသည့် ငလျင်ဒဏ်လျှော့ချရေးနည်းပညာတစ်ရပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံ၏ ပန္နက်တင်အခမ်းအနားကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးစီမံကိန်းအတွင်း ကျင်းပခဲ့သည်။

တည်ဆောက်မည့်အဆောက်အအုံမှာ ၇၇ ပေ x ၈၃ ပေ အကျယ်အဝန်းရှိ မြေဧရိယာပေါ်တွင် တည်ဆောက်မည့် Basement အပါအဝင် ငါးထပ် သံကူကွန်ကရစ်အဆောက်အအုံဖြစ်ပြီး တစ်ထပ်လျှင် ၁၁ ပေခန့် အမြင့်ရှိမည်ဖြစ်သည်။

အဆိုပါအဆောက်အအုံတွင် မြေပြင်နှင့် အဆောက်အအုံအောက်ခြေကြား၌ Base Isolator များ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ငလျင်လှုပ်ခတ်ချိန်တွင် မြေပြင်မှ အဆောက်အအုံအပေါ်သို့ သက်ရောက်လာနိုင်သည့် ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုနည်းပညာကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်းပညာရှင်များက တရုတ်နိုင်ငံ၌ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စီချွမ်ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများနှင့် Base Isolator များ ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် လက်တွေ့တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Base Isolation System အသုံးပြုမည့် အဆောက်အအုံကို New Starlight Construction Co., Ltd. က တည်ဆောက်သွားမည်ဖြစ်ပြီး Base Isolator ဆိုင်ရာ ဆောက်လုပ်ရေးပစ္စည်းများကို Safetyinside Company ထံမှ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်များကြောင့် အဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်ရေးကို ပိုမိုအလေးထားလာချိန်တွင် Base Isolation System ကို လက်တွေ့တည်ဆောက်ရေး၌ ပထမဆုံးအကြိမ် အသုံးပြုလာခြင်းဖြစ်သည့်အတွက် နိုင်ငံ၏ ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက်အအုံတည်ဆောက်ရေးကဏ္ဍအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန် ရေတပ်သားတွေ Soi 6 ကို မဝင်ဖို့ ပတ္တယား အာဏာပိုင်တွေ တားမြစ်

အမေရိကန် စစ်သင်္ဘော USS Abraham Lincoln အဖွဲ့ ချွန်ဘူရီကို စက်တင်ဘာ ၂ ရက်ကနေ ၆ ရက်အထိ လာလည်တဲ့အခါ အမေရိကန် ရေတပ်စစ်သည်တွေကို Soi 6၊ Soi 6/1 နဲ့ Soi 7 လမ်းတွေထဲ ဝင်ခွင့်မပြုပဲ ပတ္တယား အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ ​ဒီခရီးစဉ်မှာ အမေရိကန် ရေတပ်စစ်သည် ၅,၀၀၀ ကျော် လာရောက်ဖို့ရှိပြီး၊ ၃,၀၀၀ လောက်ကတော့ ပတ္တယား ဘက်ကို လာပြီး ညအိပ်တည်းခိုကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ ​ဒါ့အပြင်...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ...

ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန် ၄၃၂,၁၅၀ ဝယ်ယူဖြန့်ဖြူးရောင်းချရန် ထောက်ခံချက်ပေးထား

နေပြည်တော်၊ စက်တင်ဘာ ၁ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၄၃၂,၁၅၀ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထောက်ခံချက်များ ပေးထားကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဓာတ်မြေဩဇာများကို စိုက်ပျိုးသီးနှံများအတွက် အချိန်မီ အသုံးပြုနိုင်ရေးနှင့် တောင်သူများထံသို့ အချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်ကာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071