(Unicode)
အမေရိကန်သတင်းသမား Danny Fenster ကို အမှု နှစ်မှု ထပ်တိုး
အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော တဲ့ အမေရိကန်သတင်းသမား Danny Fenster ကို နိုဝင်ဘာလ ၉ ရက်တွင်ချိန်းဆိုသည့် ရုံးချိန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ပုဒ်မ နှစ်ခု ထပ်တိုးအမှုဖွင့်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
ထပ်တိုးအမှု ပုဒ်မ ၁၂၄-က မှာ အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (အနှစ်၂၀) ထိ ချမှတ်ခံရနိုင်ပြီး အကြမ်းဖက်မှုဥပဒေပါ ပုဒ်မ ၅၀(က) မှာ အနိမ့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ကြောင်း သိရသည်။
“မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ နဂို ရှိနေတဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးက အမှု ၃ မှုကို ရုံးထုတ်ပြီး တရားခံနဲ့ တရားခံပြ သက်သေတွေကို စစ်တယ်။စစ်နေတဲ့ တရားခွင့်မှာပဲ အနေက်ပိုင်းခရိုင်တရားရုံးက ဖုန်းခေါ်ပြီးတော့ အဲဒီ ပုဒ်မ ၂ ခု တိုးပြီးတော့ ရုံးချိန်းပေးပါတယ်။နိုဝင်ဘာလ ၁၆ ရက်နေ့လို့ ပြောပါတယ်။ ဒါပေမဲ့ အမှုစစ်ဖြစ်မှာ မဟုတ်ဘူး။ တရားခံပြေးအမှုတွေ ရှိနေတဲ့အတွက် တရာခံပြေး အမှုတွေကို ချိန်းတာ။အဲနေ့မှာ Video နဲ့ပဲ ရုံးချိန်းမယ်နဲ့ တူပါတယ်”ဟု Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
Danny Fenster အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁)တို့အတွက် နိုဝင်ဘာလ ၁၅ ရက်တွင် အမိန့်ချမှတ်ခံရမည် ဖြစ်ကြောင်းလည်း ဦးသန်းဇော်အောင်က ဆိုသည်။
(Zawgyi)
အေမရိကန္သတင္းသမား Danny Fenster ကို အမႈ ႏွစ္မႈ ထပ္တိုး
အင္းစိန္အက်ဥ္းေထာင္တြင္ ထိန္းသိမ္းခံထားရေသာ တဲ့ အေမရိကန္သတင္းသမား Danny Fenster ကို ႏိုဝင္ဘာလ ၉ ရက္တြင္ခ်ိန္းဆိုသည့္ ႐ုံးခ်ိန္းတြင္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဆိုင္ရာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၂၄-က ၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀(က) ပုဒ္မ ႏွစ္ခု ထပ္တိုးအမႈဖြင့္လိုက္ေၾကာင္း အမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနေသာ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာသည္။
ထပ္တိုးအမႈ ပုဒ္မ ၁၂၄-က မွာ အျမင့္ဆုံးျပစ္ဒဏ္ တစ္သက္တစ္ကြၽန္း (အႏွစ္၂၀) ထိ ခ်မွတ္ခံရႏိုင္ၿပီး အၾကမ္းဖက္မႈဥပေဒပါ ပုဒ္မ ၅၀(က) မွာ အနိမ့္ဆုံးျပစ္ဒဏ္ ေထာင္ ၁၀ ႏွစ္မွ တစ္သက္တစ္ကြၽန္းထိ ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။
“မေန႔က ႏိုဝင္ဘာ ၉ ရက္ေန႔မွာ နဂို ရွိေနတဲ့ ပန္းဘဲတန္းၿမိဳ႕နယ္တရား႐ုံးက အမႈ ၃ မႈကို ႐ုံးထုတ္ၿပီး တရားခံနဲ႔ တရားခံျပ သက္ေသေတြကို စစ္တယ္။စစ္ေနတဲ့ တရားခြင့္မွာပဲ အေနက္ပိုင္းခ႐ိုင္တရား႐ုံးက ဖုန္းေခၚၿပီးေတာ့ အဲဒီ ပုဒ္မ ၂ ခု တိုးၿပီးေတာ့ ႐ုံးခ်ိန္းေပးပါတယ္။ႏိုဝင္ဘာလ ၁၆ ရက္ေန႔လို႔ ေျပာပါတယ္။ ဒါေပမဲ့ အမႈစစ္ျဖစ္မွာ မဟုတ္ဘူး။ တရားခံေျပးအမႈေတြ ရွိေနတဲ့အတြက္ တရာခံေျပး အမႈေတြကို ခ်ိန္းတာ။အဲေန႔မွာ Video နဲ႔ပဲ ႐ုံးခ်ိန္းမယ္နဲ႔ တူပါတယ္”ဟု Danny Fenster ၏ ေရွ႕ေန ဦးသန္းေဇာ္ေအာင္က ေျပာသည္။
Danny Fenster အေနျဖင့္ လက္ရွိ ရင္ဆိုင္ေနရေသာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅−က၊ မတရားအသင္းဆက္သြယ္မႈဥပေဒပါ ပုဒ္မ၁၇(၁) ၊ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒပါ ပုဒ္မ ၁၃ (၁)တို႔အတြက္ ႏိုဝင္ဘာလ ၁၅ ရက္တြင္ အမိန႔္ခ်မွတ္ခံရမည္ ျဖစ္ေၾကာင္းလည္း ဦးသန္းေဇာ္ေအာင္က ဆိုသည္။