အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဧရာဝတီတိုင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၃၇) ဦးတို့က ဗဟိုအဆင့် ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ ၂၇ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၃၇) ဦးတို့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲရလာဒ်ကို နေပြည်တော်ရှိအကဲဖြတ်အဖွဲ့မှ အတည်ပြုဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
