Tuesday, May 5, 2026

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...

မေလ မတိုင်ခင်  ခွင့် ၁...

၂၀၂၆ ခုနှစ် မေလ ၁ ရက်မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ ၁ လ အထက် ကျော်သူများ...

ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr....

ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ ဆွေးနွေး မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim...
HomeCelebrities' Newsအနုပညာနဲ့ပတ်သတ်ပြီးခင်ပွန်းဖြစ်သူက ဝေဖန်အကြံပြုတယ် ဆိုတဲ့ရွှေမှုံရတီ

အနုပညာနဲ့ပတ်သတ်ပြီးခင်ပွန်းဖြစ်သူက ဝေဖန်အကြံပြုတယ် ဆိုတဲ့ရွှေမှုံရတီ

ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိထားသူကတော့ သရုပ်ဆောင် ရွှေမှုံရတီပါ။ သူကတော့ မကြာခင်ရုံတင် ပြသတော့မယ့် နို့ဘီလူးရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး…

”ဒီဇာတ်ကားကတော့ မိဘမေတ္တာဖွဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်အိမ်လေးကလည်း ထူးထူးခြားခြား နှစ်မျိုးမရှိနိုင်တဲ့ ဇာတ်အိမ်လေးပါ။ ညီမရဲ့ ကာရိုက်တာကတော့ ရွာသူလေးပါပဲ။ ဒါပေမဲ့လုပ်ရတဲ့ အိုင်တင်ကတော့ နည်းနည်း ထူးခြားတယ်။အန်ကယ်လေး (လူမင်း)ရဲ့ သင်ပြမှုအောက်မှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ကလေးမွေးတဲ့အခန်းကတော့ အန်ကယ်လေးလည်း သူလည်း မသိဘူး နင့်အမေမေးကြည့်ဆိုတော့ အမေ လုပ်ပြတယ်။ ကိုယ်လည်း အမေလုပ်ပြတဲ့အတိုင်း လိုက်လုပ် လိုက်တာ။ ရွှေမှုံရတီအိုင်တင် တော်တော်များများက အမေရဲ့အိုင်တင်များတယ်။ အမေက ငယ်ငယ်တုန်းက မင်းသမီး အရမ်းဖြစ်ချင် ခဲ့တာဆိုတော့ သူလုပ်ချင်တဲ့ အိုက်တင်မှန်သမျှ ညီမကို အကုန်လုပ်ခိုင်းတာ”လို့ ပြောပြခဲ့ပါတယ်။
သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုလည်း တည်ထောင်ထားသူပါ။ နှစ်ယောက်လုံး အနုပညာရှင်တွေဖြစ်နေတာ တစ်ယောက်နဲ့တစ်ယောက် အကြံပေးတာတွေရှိလားလို့ မေးမြန်းခဲ့ရာ . . .

”သူအကြံပေးတာတွေ ရှိပါတယ်။ ဒီနေရာလေးက ဒီလိုလုပ်လိုက်ရင်ကောင်းမယ်။ အဲ့ဒီလိုပြောလေ့ရှိတယ်။ များသော အားဖြင့် အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းတွေ ဝေဖန်ပေးတယ်။ ညီမတို့နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရ လို့ရှိရင် ရန်ဖြစ်ကြတယ်။ တစ်နာရီလေးတောင် ခွဲလို့မရဘူး”လို့လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – အောင်နိုင်စိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071