Wednesday, May 6, 2026

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...
HomeCelebrities' Newsအဆိုပိုင်းကိုပဲ အဓိက လုပ်ဆောင်သွားတော့မယ့်...

အဆိုပိုင်းကိုပဲ အဓိက လုပ်ဆောင်သွားတော့မယ့် ဇွဲပြည့်

 

အဆိုတော်၊ သရုပ်ဆောင်ဇွဲပြည့်ဟာ လတ်တလောမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီး ပရိုမိုးရှင်း လုပ်ဖို့အတွက် နယ်တွေဘက်သွားရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပြီး ရုံတင်ပြသထားတဲ့ အဲ့ဒီဇာတ်ကားအတွက် ရင်ခုန်သံကို မေးကြည့်တဲ့အခါမှာတော့ ဇွဲပြည့်က “ကျွန်တော့်အနေနဲ့တော့ ပထမဦးဆုံးပါဝင်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် စိတ်ကတော့ အနုတ်လက္ခဏာပြနေတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် လုံးဝသိပ်မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာ ကိုယ်က အဆိုတော်တစ်ယောက်ဖြစ်နေလို့လား မသိဘူး။ သရုပ်ဆောင်မှုမှာကြည့်လိုက်ရင် သိပ်အဆင်မပြေဘူး။ တောင့်တောင့်ကြီး ဖြစ်နေတယ်။ စကားပြောတာကလည်း သိပ်အဆင်မပြေဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ အားမရဘူး။ ကျွန်တော့်ကို ယုံကြည်ပြီး ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကို တွဲလုပ်ကြည့်တဲ့အခါမှာ အဆင် မပြေမှုများရှိတဲ့အတွက် အဆိုပိုင်းကို ၉ဝ ရာခိုင်နှုန်းလုပ်သွားတော့မယ်လို့ ဇွဲပြည့်က ပြောပြရာမှာတော့…..

“ကျွန်တော် ဒီကြားထဲမှာ ပန်းနှစ်ပွင့်စီးချင်း ဆိုတဲ့ရုပ်သံဇာတ်လမ်းတိုလေးမှာ ပါဝင်ရိုက်ကူးထားတာလေးရှိတယ်။ အဲဒါ လည်းျြွှဠ မှာ ပြသွားပါပြီ။ အဓိကအားဖြင့် ကျွန်တော်လည်းလုပ်နိုင် တာ မလုပ်နိုင်တာတွေလည်းရှိတယ်။ များသောအားဖြင့် ကျွန်တော့်ရဲ့ ၉ဝ ရာခိုင်နှုန်းကိုတော့ အဆိုတော်ဘက် ကိုပဲသွားတော့မယ်။ ကိုယ်နဲ့ ရုပ်ရှင်ကြည့်ပရိသတ် တွေကို ကိုယ်အဆိုတော်လုပ်ပါတယ်လို့ သိစေချင်တဲ့ စိတ်နဲ့ ကမ်းလှမ်းတုန်းကို ကြိုးစားလိုက်တဲ့ သဘော ပါ။ ကိုယ်အနုပညာရှင်တစ်ယောက်၊ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းနဲ့ အလွန်ကွာ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဆိုတော်တွေကျတော့ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ဖျော်ဖြေရတာ။ ရုပ် ရှင်သရုပ်ဆောင်ကျတော့ ပရိသတ်တွေရဲ့ နောက်ကွယ်မှာ ကြိုးစားတယ်။ ကြိုးစား ပြီးတဲ့အချိန်မှာ အဲဒီလိုဇာတ်ကား ထွက်ရှိ လာတဲ့အချိန်မှာ ရုံတင်ပြသမှ ပရိသတ် တွေရဲ့ အဆုံးအဖြတ်ကိုရတာ။ အဲဒီတော့ အချိန်တွေက အများကြီးကြာတယ်။ စောင့်ရ တာ။ တကယ်ရုံတင်စနစ်တွေနဲ့ကြည့်ရှုမယ်ဆိုရင် ကျွန်တော်တို့ ဒီဇာတ်ကားဆိုရင် လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်လောက်က ပါဝင်ရိုက်ကူးထားတာ ၂ဝ၁၈ ခုနှစ် မှ ရုံတင်ပြသတယ်။ ၂ နှစ်လောက်နောက်ကျသွား တယ်။ အဲဒီတော့ ဒီနေ့ခေတ်၊ ဒီနေ့ပုံစံတွေနဲ့ကျတော့ အများကြီးကွာခြားသွားတယ်။ အဲဒီတော့ ကျွန်တော် အဆို ပိုင်းကိုပဲ အဓိကလုပ်သွားတော့မယ်။ အဆိုတော်တစ်ယောက် အနေနဲ့ပဲ သိပေးကြပါ” လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071