Tuesday, April 28, 2026

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။ "ကျွန်တော် အရင်ကပြောခဲ့သလိုပဲ...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု...

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့်...

လူ့အခွင့်အရေးချိုးဖေ-ာက်မှုများအား ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း MNHRC...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခံရပါက ကော်မရှင်သို့...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု...

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့်...
HomeNewsLocal Newsအစိုးရအဖွဲ့၏ ရက် ၁၀၀...

အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်းဆောင်ရွက်မည့်အစီအစဉ်များအရ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်သတ်မှတ်

အတိုးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့်ပင် စပါး၊ ဂျုံနှင့်ချည်မျှင်ရှည်ဝါအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ကျပ်နှစ်သိန်းခွဲအထိ ထုတ်ချေးမည်

အစိုးရအဖွဲ့ ၏ ရက်ပေါင်း ၁၀၀ အတွင်း Quick Win ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်မည့်အစီအစဉ်လည်း ပါဝင်ရာ တစ်ဧကလျှင် တိုးမြှင့်ထုတ်ချေးမည့် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

အတိုးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့်ပင် သီးနှံအမျိုးအစားအလိုက် တစ်ဧကလျှင် စပါး၊ ဂျုံ နှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) အတွက် ယခင် တစ်ဧက ကျပ်တစ်သိန်းခွဲမှ ယခု ကျပ်သုံးသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်သည်။

အခြားသီးနှံ (၁၈) မျိုးကိုလည်း ယခင်တစ်ဧက ကျပ်တစ်သိန်းမှ ယခု ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့ကိုလည်း ယခင် တစ်ဧက ကျပ်တစ်သိန်းမှ ယခု ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည် စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် အထောက်ကူပြုနိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများကို သက်သာသော အတိုးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် တန်ဖိုးနည်းလက်တွန်းထွန်စက်၊ ရေစုပ်စက်၊ ရေတင်စက်မှအစ တန်ဖိုးမြင့်မားသော အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက်များစသည့်လယ်ယာသုံးစက်ကိရိယာများကို အတိုးနှုန်း ၆ ရာခိုင်နှုန်း၊ ချေးငွေပမာဏ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၀ အထက်တစ်ကဏ္ဍ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်သည်။

၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မိုးရာသီစိုက်ပျိုးချိန်အမီ ၂၀၂၆ ခုနှစ် မေ ၁၂ ရက်နေ့မှ စတင်၍ ထုတ်ချေးမည်ဖြစ်ရာ ယခင်ချေးငွေများပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီး များအနေဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအချိန်မီရရှိနိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေများရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများသို အမြန်ဆုံး ဆက်သွယ်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း မာကို ရူဘီယို ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။ "ကျွန်တော် အရင်ကပြောခဲ့သလိုပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး၊ သူဟာ ကျွန်တော်တို့ လူတွေနဲ့လည်း စကားပြောတာ ရှားပါတယ်။ အများအားဖြင့်တော့ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးကြတာပါ" ဟု ရူဘီယိုက Fox News ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ သူက " ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာတော့...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် ​မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊​ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊​ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊​မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ ...

လူ့အခွင့်အရေးချိုးဖေ-ာက်မှုများအား ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း MNHRC အသိပေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခံရပါက ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ကော်မရှင်ဥပဒေ ပုဒ်မ ၃၀ အရ လူ့အခွင့်အရေးချိုးဖေ-ာက်ခံရသူသည် ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးကိုယ်စားဖြစ်စေ၊ လူတစ်စုကိုယ်စားဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ တိုင်ကြားလိုသူများအနေဖြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပေးပို့နိုင်ကြောင်း သိရသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071