Tuesday, April 28, 2026

MAI နှင့် KBZMS တို့ပူးပေါင်း၍...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့် အာဆီယံဆိုင်ရာ...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro ၊ အာဆီယံဆိုင်ရာ ဆားဘီးယားသံအမတ်ကြီး H.E...
HomeInternationalအီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ...

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း မာကို ရူဘီယို ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော် အရင်ကပြောခဲ့သလိုပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး၊ သူဟာ ကျွန်တော်တို့ လူတွေနဲ့လည်း စကားပြောတာ ရှားပါတယ်။ အများအားဖြင့်တော့ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးကြတာပါ” ဟု ရူဘီယိုက Fox News ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ သူက “[အစ္စလာမ်မာဘတ်မြို့မှာ] ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာတော့ တိုက်ရိုက်ဆက်သွယ်မှုတချို့ ရှိခဲ့ပါတယ်။ အီရန်ရဲ့ စနစ်ထဲမှာ အမေရိကန်တွေနဲ့ တို-က်ရို-က်စကားပြောဆိုတာကို တားမြစ်ပိတ်ပင်ထားတာ ကြာပြီဆိုတာကိုလည်း သတိရဖို့ လိုပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“သူတို့နဲ့ တို-က်ရို-က်ဆက်သွယ်ပြောဆိုမှုဆိုတာ အင်မတန်ရှားပါးပြီးတော့ အရမ်းကို လျှို့ဝှက်ပါတယ်။ သူတို့ရဲ့ စနစ်ထဲက လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကတစ်ဆင့်ပဲ ဆက်သွယ်တာပါ” ဟု ရူဘီယိုက ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည်။ ဧပြီလ ၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် နှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ အီရန်ဘက်မှ ပြောကြားချက်အရ ၄၀ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်-အစ္စရေးတို့၏ တို-က်ခိုက်မှုကြောင့် အီရန်တွင် လူပေါင်း ၃,၃၇၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက်နေ့တွင် အီရန်နှင့် အမေရိကန်တို့သည် အစ္စလာမ်မာဘတ်မြို့၌ ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောထားကွဲလွဲမှုများစွာရှိနေသောကြောင့် ပဋိပက္ခကို ရေရှည်ဖြေရှင်းရန် သဘောတူညီချက်မရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် အပ-စ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးရန် ရည်ရွယ်ချက်ရှိကြောင်း ကြေညာခဲ့သည်။ တစ်ဖက်တွင်လည်း အီရန်နိုင်ငံပိုင်ရုပ်သံ၏ ဖော်ပြချက်အရ အီရန်အစိုးရသည် ဝါရှင်တန်၏ တစ်ဖက်သတ် အပ-စ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို အသိအမှတ်မပြုဘဲ ၎င်းတို့လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။ " ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု MAI ၏ CEO...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် အကောင်အထည်ရမည်

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇ ရက်တွင် Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတားအားစစ်ဆေးပြီး သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှတာဝန်ရှိသူများကိုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင် ဆောင်ခြင်းဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှုဝန်ဆောင်မှုများပေးနိုင်ရန် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက်ရန်၊ နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံတည်ဆောက်လုပ်ကိုင်ရန် မှာကြားသည်။ ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုမြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071