Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeNewsLocal Newsအင်းလေးဖောင်တော်ဦးဘုရားကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်...

အင်းလေးဖောင်တော်ဦးဘုရားကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဖူးမြှော်ကြည်ညို  သာသနိကအဆောက်အဦများကို မူလလက်ရာမပျက်ပြင်ဆင်ထားမှုကိုကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေ သ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်(၅)ဆူကို ယနေ့ မေ ၁၈ ရက်ကဖူးမြော်ကြည်ညိုခဲ့သည်။

ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများပေးအပ်လှူဒါန်းပြီး အင်းလေးဖောင်တော်ဦးရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဘုရားရင် ပြင်တော်ရှိ နေပူခံကျောက်ပြားများကွဲအက်ပျက်စီးမှု၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိတ်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိကအဆောက်အအုံများ ပြိုကျပျက်စီးမှုတို့ကို မူလလက်ရာမပျက်ပြန်လည်ပြု ပြင်ထားရှိမှုများအားကြည့်ရှုခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ်သတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိ သာသနိကအဆောက်အ အုံအချို့သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ နယ်မြေခံပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်ပြီး မူလလက်ယာမပျက်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း(၁၀၀)ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရားမူလကျောင်းဆောင်အောက်ခြေသံကူကွန်ကရစ်ထပ်ပိုးခြင်း (၁၀၀)ရာခိုင်နှုန်း၊ မူလစံကျောင်းတော်အရှေ့ဘက်၊ အ နောက်ဘက် မုခ်ဦးစောင်းတန်းလှေကားများ(၁၀၀)ရာ ခိုင်နှုန်း၊ မူလစံကျောင်းတောင်ဘက်မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်းစောင်း(၁၀၀)ရာခိုင်နှုန်း၊ က ရဝိတ်အဆောင်(၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

လက်ရှိအချိန်၌ မြောက်ဘက်မုခ်ရှိလှေကားမှာ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွ ချီအပူဇော်ခံရန် ပင်မစံကျောင်းတော်မှပင့်ဆောင်ရာ တွင် အနည်းငယ်မတ်စောက်သဖြင့် လှေကားအသစ်ပြန်လည်တည်ဆောက်မှုမှာ (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071