အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး
ပထမပွဲတွင် (၁၅-၉) ရလဒ်၊ဒုတိယပွဲတွင် (၁၅-၅) ရလဒ်တို့ဖြင့် ပြိုင်ဘက်အိန္ဒိယအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ပွဲချိန်တစ်လျှောက်လုံး အမှားအယွင်းမရှိ တိုက်စစ်နှင့် ခံစစ် မျှတစွာ ကစားနိုင်ခဲ့သည့်အတွက် ယခု ကဲ့သို့ ဂိုးပြတ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အနိုင်ရရှိမှုကြောင့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဆီမီးဖိုင်နယ် အ ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး နောက်တစ်ဆင့်အတွက် ဆက်လက် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။
