ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဘောလုံးအား ကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်မြို့နယ်ဘော လုံးအဖွဲ့ချုပ်များကို အသစ်ပြန်လည်ပြင် ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာနထံက သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ဘော လုံးအဖွဲ့ချုပ်များကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်မည့် လုပ်ငန်းစဉ်များ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ ရှေ့ဆက်ဆောင်ရွ က်မည့် လုပ်ငန်းစဉ်များနှင့် ဘောလုံးပြိုင်ပွဲများ ကျင်းပပြု လုပ်မည့် အစီအစဉ်များ အားကစားကွင်းများနှင့်ပတ်သက် ၍ လိုအပ်သည့် ပြင်ဆင်မှုများနှင့် ရည်ရွယ်ချက်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အဆင့်အဖွဲ့ချုပ်များကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လူငယ်ကစားသမားသစ်များ ပေါ် ထွက်လာရေးနှင့် ဒေသတွင်း ဘောလုံးပြိုင်ပွဲများ ပိုမိုစည် ကားလာစေရန် မျှော်လင့်လျက်ရှိကြောင်း ဆိုသည်။
ယင်း အစည်းအဝေးကို မေလ (၁၆) ရက်၊ နံနက် (၁၁) နာရီတွင် တောင်ကြီးမြို့ရှိ ရတနာနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်(MFF) မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင် (ဂိုး)၊ ရှမ်းပြည်နယ် အား ကစားနှင့်ကာယပ ညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ရှမ်းပြ ည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် တာဝန်ရှိသူ များ၊ မြို့နယ်အသီးသီးမှ အားကစားမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လူကိုယ်တိုင် မတက်ရောက်နိုင်သည့် မြို့နယ်များမှ တာဝန်ရှိသူများကလည်း Zoom Meeting မှတစ်ဆင့် အွန်လိုင်းဖြင့် တက်ရောက်ကာ လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
