ရန်ကုန်တိုင်း၊ အင်းစိန်၊ ၊ ဘုရင့်နောင်လမ်းပေါ် ၊ ရွှေဝါ ၂ လမ်းထိပ် တွင် ကားဖြင့် ဝင်တို-က်ခံရသည့် အမျိုးသမီးတစ်ဦး ရွှေပြည်သာစက်မှုဇုန်ဘက်တွင် စွန့်ပစ်ခံထားရကြောင်း သိရသည်။
ယာဉ်တို-က်မှုသည် ယနေ့ (အောက်တိုဘာ ၂၉ ရက်နေ့ ) မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာLight truck ကားဖြစ်သည်ဟု ဆိုသည်။
“ယာဉ်တို-က်မှု ဖြစ်ပြီး ကားသမားက ဆေးရုံပို့ပေးမယ်ဆိုပြီး ဒီမှာလာပစ်သွားတာလို့ သိရတယ်” ဟု ကူညီသူတစ်ဦးက ရေးသားထားသည်။
ယာဉ်တို-က်ခံရသည့် အမျိုးသမီးသည် ဒ-ဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းပေါက်ပြဲဒ-ဏ်ရာ ၊ ခြေသလုံးအရိုးကျိုးပြီး ငေါထွက်ဒ-ဏ်ရာရရှိထားကာ အင်းစိန်ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်းအမျိုးသမီးသည် လမ်းဖြတ်ကူးရာမှအတို-က်ခံရခြင်းဖြစ်ကာ ဆေးရုံကိုလည်း မရောက်ရှိသဖြင့် ပတ်ရှာဖွေရင်းမှ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု အင်းစိန်အရံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကလည်း ပြောသည်။
ထိုအမျိုးသမီးကို ပြီး ကနောင်အသင်းနှင့် ချိတ်ပြီး ဆေးရုံပို့လိုက်ရသည်ဟုလည်း သူက ဆိုသည်။
လက်ရှိတွင် ကားတို-က်ခံခဲ့ရသည့် အမျိုးသမီး မိသားစုဝင်များနှင့် ချိတ်ဆက်ရရှိနိုင်ဖို့ စုံစမ်းမှုပြုလုပ်နေကြောင်းလည်း သိရသည်။
Photo-ကိုသူရိန်ထွန်း
