Friday, May 23, 2025

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏...

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊...

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌...

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...
HomeCelebrities' Newsအင်္ဂလိပ်သီချင်းခွေအတွက် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ...

အင်္ဂလိပ်သီချင်းခွေအတွက် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ သွားရောက်အသံသွင်းခဲ့တဲ့ အဆိုတော် Ar.T

 အင်္ဂလိပ်လိုချည်းပဲ သီဆိုထားတဲ့ သီချင်းခွေ ၂ ခွေကို အဆိုတော် ဟန်ထူးလွင်(ကျားပေါက်)နဲ့ အတူ ဆွီဒင်နိုင်ငံ၊ စတော့ ဟုမ်းမြို့မှာ အသံသွင်းခဲ့ကြောင်း အဆိုတော် Ar.T က ပြောပါ တယ်။ နိုင်ငံတကာ ကို ထိုးဖောက်ဖို့ရည်ရွယ်ပြီး ကြိုးစားနေခြင်း ဖြစ်ကြောင်းပြောတဲ့ Ar.Tက ….

“ကိုကျားပေါက်တစ်ခွေ၊ ကျွန်တော်တစ်ခွေပေါ့။ အဲဒါ ထွက်ဖို့ရှိတယ်။ ပရိုဂျူဆာက FG ပေါ့။ ကျွန်တော်တို့ အဲဒီ ၂ ခွေစလုံးကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ အသံသွင်းခဲ့ပါတယ်။ တစ်ခွေလုံး အင်္ဂလိပ်လို သီဆိုထားတာပေါ့။ မြန်မာနိုင်ငံကနေပြီး တော့မှ အင်တာနေရှင်နယ်ကို ထွက်ရှိနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကိုကျားပေါက်အခွေက ပြီးနေ ပါပြီ။ ကျွန်တော်ကတော့Mixing ဆွဲတဲ့ အဆင့်ရောက်နေပါပြီ” လို့ ပြောပါတယ်။

ဆွီဒင်မှာ သီချင်း ၇ပုဒ်ကို ၁ဝ ရက် တည်းနဲ့ အပြီးဖန်တီးခဲ့တဲ့ Ar.T က သူများနိုင်ငံတွေမှာတော့ အချိန်ဆွဲ မနေဘဲ တစ်နေ့တည်းနဲ့ သီချင်းရေး၊ အသံသွင်း၊ အချောသီဆိုတာတွေပြု လုပ်ရတာက သူ့အတွက်ကောင်းမွန်တဲ့ အတွေ့အကြုံတွေပါပဲလို့ဆိုပါတယ်။  ဟန်ထူးလွင်လို Artist အ မျိုးနဲ့ အလုပ်လုပ်ရတာက ကိုယ့်အတွက် ဘယ်လိုအကျိုးတွေဖြစ်စေလဲ၊ အတွေ့ အကြုံလေးတွေကို ပြန်ပြောပြပါလားလို့ ဆိုတော့ ….

“ကျွန်တော့် ဆရာက J.me ပေါ့နော်။ ကိုကျားပေါက်ကလည်း ကျွန်တော့်ဆရာလိုပဲ။ နှစ် ယောက် စလုံးကို ကျွန်တော်အလွန်ကြောက်တယ်။ သူတို့က စည်းကမ်းလည်းကြီးတယ်။ ကိုကျားရှေ့မှာဆို သီချင်း မဆိုရဲလောက်အောင်ကြောက်တယ်။ ဒါပေမဲ့လည်း ဟိုမှာကတော့ ညီအစ်ကိုတွေလိုပဲ အတူ တူနေပြီးတော့မှ ကိုကျားက ကျွန်တော့်ကို Guide လုပ် ပေးတယ်။ သင်ပေးတယ်။ ရှေ့ကနေ ဦးဆောင်လမ်း ပြပေးတယ်။

ကျွန်တော်ကတော့R&B ဘက်ကိုသွား တဲ့ဟာမျိုးကျရင် ကိုကျားက ဆိုပေါက်တွေကအစ သင်ပေးတယ်။ ဆွီဒင်က ပရိုဂျူဆာတွေရေးပေးတဲ့ သီချင်းတောင် ကျွန်တော်အဲဒီလောက် ဖိအားမများ ဘူး။ ကိုကျားပေါက် ရေးပေးတဲ့သီချင်းကျတော့ ကျွန်တော် အမှားအယွင်းပါမှာ အလွန်ကြောက်တယ်။ အဲဒီတော့ နောက်ဆုံးမှ ဆိုတယ်။ ကြောက်လည်း တအားကြောက်တယ်” လို့ Ar.T ကပြောပြခဲ့ပါတယ်။ Ar.T က ဒီနှစ်သင်္ကြန်မှာ ခါတိုင်းနှစ်တွေနဲ့ မတူတဲ့ Presentation တစ်ခုကို ချပြဖို့ ကြိုးစားနေကြောင်းလည်း ပြောပြခဲ့ပါတယ်။

မျိုးမောင် 

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071