Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionအခုလအတွင်း ဘန်ကောက်မှာဆေးကုသမှု ထပ်မံခံယူဦးမယ့်...

အခုလအတွင်း ဘန်ကောက်မှာဆေးကုသမှု ထပ်မံခံယူဦးမယ့် သဘင်မင်းသားကြီး ဦးချမ်းသာ

Chan-Thar

လည်ပင်းအဆီကျိတ်ကို ဘန်ကောက်မှာ ခွဲစိတ်ကုသ ခဲ့တဲ့ သဘင်မင်းသားကြီး ဦးချမ်းသာက စက်တင်ဘာလ ထဲမှာ ထပ်မံသွားရောက်ဆေး ကုသမှုခံယူရဦးမှာဖြစ်တယ် လို့ သိရပါတယ်။

“ဆရာဝန်ကတော့ ဦးချမ်းကို ဆူမှာပဲ။ ဆရာဝန်က တစ်ပတ် သို့မဟုတ် ၁၅ရက်လောက်အနားပေးပါလို့ ပြော ထားတာ။ မအော်ပါနဲ့၊ စကားအကျယ်ကြီးမပြောပါနဲ့ ဆိုပြီး မှာကြားထားတာပါ။ ဦးချမ်းကတစ်ခုမှကို နားမ ထောင်ခဲ့ဘူး။ ဦးချမ်း ဘန်ကောက်မှာ ခွဲစိတ်မှုခံယူပြီး ပြန်ရောက်တာနဲ့ ၄ရက်အတွင်းအလုပ် ထလုပ်ခဲ့တာ။ အခုဦးချမ်းရဲ့ လျှာကနည်းနည်းလေးလေးနေတယ်။ ရေ သောက်ရင် နည်းနည်း နာတယ်။  ဆရာဝန်ပြောသလိုသာ နားလိုက်မယ်ဆိုရင်တော့ ဦးချမ်းအဆင်ပြေပါတယ်။ ကံကောင်းပါတယ်။ မခွဲစိတ်ရင်ကင်ဆာဘက်ကို ကူးသွား မှာပါ။ ခွဲစိတ်လိုက်တဲ့အတွက်ကြောင့် ဦးချမ်းကံကောင်း သွားတယ်”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦးချမ်းသာက ပြောပြပါတယ်။

လက်ရှိမှာတော့ တစ်ရက်ထက် တစ်ရက်နည်းနည်း သက်သာလာ သလိုရှိပြီးသူ့အနေနဲ့ကတော့ ကြောက်ရွံ့မှု မရှိဘဲ ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဦးချမ်းသာက သူ့ရဲ့ သဘင်သက်နှစ်၎ဝပြည့် ဖျော်ဖြေပွဲကြီးမှာ အားပြည့်အင် ပြည့်တင်ဆက်သွားနိုင်ဖို့အတွက် လည်ပင်းအဆီကျိတ် ကို ပွဲမတိုင်ခင်မှာ သွားရောက်ခွဲစိတ်ကုသခဲ့တာလည်း ဖြစ်ပါတယ်။

သဘင်သက်နှစ်၎ဝပြည့် ဖျော် ဖြေပွဲကြီးကိုတော့ စက်တင်ဘာလ၈ရက်၊ ၉ရက်နေ့တွေမှာ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ခမ်းနားတဲ့ဆက်တင်အပြင် အဆင်တွေနဲ့အတူ တင်ဆက်ကပြသွားမှာဖြစ်ပြီး ဒီပွဲမှာ ဦချမ်းသာနဲ့အတူ ရွှေမန်းမိသားစုဝင်များ၊ သဘင်အနု ပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များကပါ ပါဝင်တင် ဆက်သွားကြမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071