သရုပ်ဆောင်တဲ့အခါမှာသဘာဝကျကျနဲ့ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မြင့်မြတ်ကိုသူ့ရဲ့ပရိသတ်တွေကတော့အကယ်ဒမီဆုနဲ့မြင်တွေ့ချင်နေကြပါပြီသူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေရုံတင်ပြသတဲ့အခါမှာလည်းပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေရရှိပေမယ့်လည်းအကယ်ဒမီဆုနဲ့လွဲချော်မြဲလွဲချော်နေတာမို့ပရိသတ်တွေအားမလိုအားမရဖြစ်နေကြရပါတယ်၂ဝ၁၇ခုနှစ်ထဲမှာမြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားတွေရုံတင်ပြသထားတာရှိနေပေမယ့်လည်းအကယ်ဒမီဇာတ်ကားစာရင်းထဲမှာမပါဝင်တဲ့အတွက် အကယ်ဒမီဆုကိုတော့ မျှော်လင့် မထားကြောင်းကို မြင့်မြတ်က…
“ဒီနှစ်ကတော့ကျွန်တော့်ဇာတ်ကားတွေမပါပါဘူး။ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေထဲကပဲရမှာပါကျွန်တော်အကယ်ဒမီရစေချင်တာကတော့တာတေကြီးဇာတ်ကားမှာဆိုရင်ကိုနေတိုးရစေချင်တယ်မင်းသမီးထဲမှာဆိုရင်မအူဝဲရစေချင်တယ်ကိုခင်လှိုင်ဦးဟိန်းမင်းတို့ကိုလည်းအထူးရရှိစေချင်ပါတယ်”လို့အကယ်ဒမီဆုရစေချင်တဲ့အနုပညာရှင်တွေကိုပြောပြခဲ့တယ်။ဒီနှစ်မှာတော့သူ့ရဲ့ဇာတ်ကားတွေဆန်ခါတင်စာရင်းထဲမပါဝင်ရခြင်းအပေါ်ကိုတော့မြင့်မြတ်က…
“မပြောတတ်ဘူး။ အဲဒါကမှန်းရခက်ပါတယ်။ ကျွန်တော့်ဇာတ်ကားတွေ ပါကိုမပါတာ။ကျွန်တော့်အနေနဲ့ကတော့အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ”လို့ပြောပါတယ်မြင့်မြတ်ရဲ့ဇနီးဖြစ်သူကရင်သွေးငယ်လေးကိုယ်ဝန်၃လလွယ်ထားနေရပြီဖြစ်ပြီးဖခင်မြင့်မြတ်အလိုချင်ဆုံးစိတ်ဆန္ဒအတိုင်းသားလေးပဲဖြစ်ပါတယ်အခုလောလောဆယ်မှာတော့ဗိုက်ကျောင်းနေတယ်လို့ဆိုပြီးကိုယ်ဝန်ရှိတဲ့သူတွေရဲ့သဘောသဘာဝအတိုင်းစားချင်တာသောက်ချင်တာတွေကိုလည်းဇနီးသည်နောက်လိုက်ပို့ဆောင်ကျွေးဖြစ်နေတယ်လို့သူကဆိုပါတယ်မြင့်မြတ်တို့ဇနီးမောင်နှံကတရုတ်နိုင်ငံကိုဇနီးဖြစ်သူရဲ့အစ်မမင်္ဂလာဆောင်အခမ်းအနားသွားရောက်ရင်း နေရာဒေသစုံလည်ပတ်ဖြစ် ခဲ့ကြပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ- အေးဇော်မိုး(စက်မှု)