Friday, May 23, 2025

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...
HomePopular Academy2017 Academyအကယ်ဒမီပေးပွဲအပေါ် အနုပညာလောကသားတို့ရဲ့ အကြံပြုချက်နဲ့...

အကယ်ဒမီပေးပွဲအပေါ် အနုပညာလောကသားတို့ရဲ့ အကြံပြုချက်နဲ့ ရင်ခုန်သံ

ရုပ်ရှင်လောကသားတွေရဲ့ အထိမ်းအမှတ်ပွဲကြီးတစ်ခုဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကိုတော့ မတ်လထဲမှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲနားနီးလေ အကယ်ဒမီအတွက် တစ်ကြိုပေးခံနေရတဲ့အနုပညာရှင်တွေကလည်း ရင်ခုန်လို့နေကြပါပြီ။ ဒါကြောင့်လည်း ရုပ်ရှင်အစည်းရုံးအမှုဆောင်သစ်လက်ထက် ပြုလုပ်မယ့် အခုနှစ်အကယ်ဒမီဆုပေးပွဲအတွက် ရုပ်ရှင်လောကသားတွေရဲ့ အကြံပြုစကားနဲ့ အကယ်ဒမီရင်ခုန်သံစကားတို့ကို မေးမြန်းဖော်ပြလိုက်ရပါတယ်။

လူမင်း

ဒီနှစ်ကတော့ အစ်ကိုအတွက် အကယ်ဒမီရင်ခုန်သံမရှိပါဘူး။ ဒီနှစ် ဦးဇင်ဝိုင်းစီစဉ်တဲ့ ၂ဝ၁၇ခုနှစ် အကယ်ဒမီပေးပွဲကိုကျော့ကျော့လေး နဲ့ ပွဲတက်ရုံပါပဲ။ အစ်ကို့အတွက်က တော့ အကယ်ဒမီနဲ့ပက်သက်ပြီး ရင် ခုန်စရာ ဇာတ်ကားမရှိပါဘူး။

နေတိုး

အကယ်ဒမီကတော့ ဒီနှစ်ထဲမှာ ပရိသတ်တွေက ကျွန်တော့်ကိုတော်တော်လေးခန့်မှန်းပေးကြတယ်ဗျ။အဓိကကတော့ ပရိသတ်တွေရဲ့ ဆန္ဒက ကျွန်တော့်ရဲ့ကာရိုက်တာတွေ ဇာတ်ကောင်တွေထဲမှာဆိုရင် တာ တေကြီးဇာတ်ကားကို ပရိသတ်ရဲ့ ရင်ထဲမှာ ဆန္ဒရှိနေတယ်။အခုလို ခန့်မှန်းပေးလို့လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီ၂ဝ၁၇ အတွက်က ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်ေ စပရိသတ်ရဲ့အား ပေးမှုနဲ့တင် ကျေနပ်နိုင်ပါပြီ။ တာ တေကြီးနဲ့ကတော့ ကျွန်တော့် အနု ပညာက ကျွန်တော့်ဘဝပဲလေ၊ အဲဒီ လိုဆိုတော့ သူကကျွန်တော့်ဘဝကို Plus လုပ်ပေးလိုက်နိုင်တယ်။ ကျွန် တော့်အနုပညာကို ဆက်လျှောက်ဖို့ အတွက် ယုံကြည်မှုကို တာတေကြီးက ပေးစွမ်းနိုင်တယ်လို့ ကျွန်တော်မြင် တယ်လေ။ ဒီအရာရဲ့တန်ဖိုးက ကျွန် တော်ဘယ်အရာနဲ့မှလဲလို့မရတဲ့ တန်ဖိုးရှိတယ်ပေါ့နော်။ ဒီဇာတ် ကားတစ်ခုအပေါ် ဒီကာရိုက်တာ အပေါ်မှာ ကျွန်တော်အဲဒီလိုပဲမြင် မိပါတယ်။ ကျွန်တော်ဇာတ်ကားက ၆ကားရှိတယ်။ နောမီနေးရှင်းထဲဝင် တာကတော့ ၅ကားပေါ့။ကျွန်တော့် အနေနဲ့က အကုန်လုံးကို ဇာတ်ရုပ်တွေအပေါ်မှာပဲဦးစားပေးပြီးတော့ ရိုက်ခဲ့တာပါ။ ကျေနပ်မှုဆိုတာက ပြင်းထန်တဲ့ကာရိုက်တာပေါ်တင် မဟုတ်ဘူး။ ပေါ့ပါးတဲ့ကာရိုက်တာ ပေါ်တွေမှာလည်း ရှိတယ်။ဒါပေမဲ ကျွန်တော့်အနေနဲ့တော့ ဒီလိုမျိုးမ ခန့်မှန်းတတ်ဘူးပေါ့နော်။အကယ်ဒ မီအပေါ် စိတ်ခံစားမှုဆို တာကတော့ လက်ရှိမှာ အကြောင်းအရာတော့ စိတ်ထဲမှာမရှိသေးဘူးပေါ့လေ။ ဒါ ပေမဲ့ ၂ဝ၁၇အတွက် အကယ်ဒမီက ရရမရရ ကျွန်တော့်အနေနဲ့ ကျေနပ် နိုင်တယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ ကျေနပ်နိုင်တဲ့နှစ်တစ်နှစ်ပါ။ဒီနှစ်အကယ်ဒမီ ပွဲအတွက်ကတော့ ပွဲမလုပ်ရသေး တော့ ဘယ်လိုပြောရမလဲမသိသေးဘူး ပေါ့နော်။ ဒါပေမဲ့လည်း အရှင်းဆုံး ပြောရရင်တော့ကုန်ခဲ့တဲ့နှစ်တွေ ထက်ကားပိုများတယ်။ ကားပိုများ တဲ့အခါကျတော့ အကဲဖြတ်တွေက တော့ တော်တော်လေး ခက်ခက်ခဲခဲ အကဲဖြတ် ရမယ့်နှစ်လို့တော့မြင် တယ်။ အနုပညာရှင်တွေကတော့ ဆုဆိုတာက အကုန်လုံးအတွက် အမှတ်တရ မှတ်မှတ်ရရအမှတ်အသား တစ်ခုဖြစ်တယ်။ အဲဒီလိုဆိုတော့ ဆုကို ၁၁ ဆုဆိုလည်း ၁၁ ဆုအ ပြည့်ပေးနိုင်တာကတော့ ပိုကောင်း တယ်ပေါ့နော်။ အဲဒီ့အတွက်လည်း မျှော်လင့်မိပါတယ်။

ကျော်ကျော်ဗို

အကယ်ဒမီကတော့ နှစ်တိုင်း နှစ်တိုင်းက တစ်နိုင်ငံလုံးစိတ်ဝင်စား ကြတဲ့ပွဲပေါ့လေ။ အဲဒီတော့ပြောင်း လဲခြားနားမှုဆိုတာကတော့ ရုပ်ရှင် အစည်းအရုံးကလည်း တရားဝင် ကြေညာနေပါတယ်။ အကယ်ဒမီမှာ ဆုချီးမြှင့်မယ့် ဆုပုံသဏ္ဌာန်လေး တွေပြောင်းလာတယ်။ ဒါအပေါင်းလက္ခ ဏာဆောင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့က Team နဲ့Group နဲ့အလုပ်လုပ်ရတဲ့ အခါကျ တော့ ရုပ်ရှင်ဓာတ်ပုံဆုပေးလိုက်ရင် သူ့ Team မှာကိုက ဓာတ်ပုံကိုက ကင် မရာကိုတစ်လုံးတည်းရိုက်တာမဟုတ် ဘူး။၂ လုံးရိုက်ကြတယ်။အဲဒီလို ဆိုတော့ ၂ ယောက်ယူရမယ့် အနေ အထားတွေဖြစ်လာလို့ရှိရင် တစ်ဆု ထဲနဲ့အဆင်မပြေဘူး၊ ၂ ဆုပေးမယ် အဲဒီလိုဟာမျိုးလေးတွေက ပြောင်း လဲမှုတွေအတွက် တအားကောင်း တယ်ဗျ။နောက်ပြီးတော့ ကျွန်တော် request လုပ်ချင်တာက ဘာလဲ ဆိုတော့အကယ်ဒမီဆုတွေကို ပေး ကြတယ်ဆိုတဲ့နေရာမှာ ကျွန်တော် တို့ စာရင်းထဲမှာပါတဲ့ အနုပညာ ရှင်တွေကို ကျွန်တော်တို့က မကြေ ညာခင်မှာ ဒီလေးကားမှာတော့ ဒီ လေးယောက်ကတော့ Nominate တွေဝင်တယ်။ ဒီထဲမှာဘယ်သူတွေရ မလဲလို့ကြေညာနေတဲ့အချိန်မှာ ကျွန် တော်တို့ အနုပညာသမား အချင်း ချင်းကို တောင်းဆိုတာပါ။ ကိုယ့်လူ အချင်းချင်းကို တစ်ပေးထားတဲ့သူ နားကို သွားဝိုင်းတာတို့ မကြေညာ ခင် အဲဒီနားဝိုင်းနေတာမျိုးတွေ ကျွန် တော်မလုပ်စေချင်ပါဘူး။ အဲဒီလို လုပ်ခြင်းအားဖြင့် တကယ်ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ ကာယကံရှင်ကို ပိုပြီးတော့ ပရက်ရှာပိစေပါတယ်။ တ ကယ်လို့သူမဟုတ်စေချင်ဘူးဆိုရင် လည်း သူ့ဘဝအတွက် ဘယ်လို သိမ်ငယ်စရာ စိတ်ခံစားမှုတွေ အဲဒီ အချိန်မှာ ဖြစ်သွားစေမလဲ။ ဒါက ကျွန်တော့်အမြင်လေးနဲ့ ကိုယ့်ရဲ့ညီ အစ်ကိုမောင်နှမတွေကို Request လုပ်ပါတယ်။ မီဒီယာတွေကိုလည်း Request လုပ်ပါတယ်။ သူများ နိုင်ငံမှာ Nominate ဝင်တဲ့သူတွေကို ကြေညာလိုက်ပြီဆိုရင် သူတို့ဘာသာ သူတို့ဣနြေ္ဒရရထိုင်ပါတယ်။ ဆု ကြေညာပြီးရင်လည်း သူ့အနီးအနား မှာရှိတဲ့သူလောက်ပဲ သွားရောက်နှုတ် ဆက်ပါတယ်။ နှုတ်ဆက်စကားပဲ ပြောတာပါ။ ကျွန်တော်တို့နိုင်ငံမှာ တော့ အဲဒီလိုမဟုတ်ပါဘူး။ တအား သရုပ်ပျက်ပါတယ်။ မောင်ဖြူနဲ့ မောင်မဲတစ်ပြေးနေတယ်။ သူတို့၂ ယောက်စလုံးနေရာမှာ လူတွေရှိနေ တယ်။ မောင်ဖြူဆုရ တယ်လို့ ကြေညာလိုက်ရင် မောင်မဲနားမှာ ဘယ်သူမှမရှိတော့ဘူး။ မောင်မဲကို ဘယ်သူကမှ အဖတ်မလုပ်တော့ဘူး။မောင်မဲရဲ့စိတ်ခံစားချက်ကို ဂရု မစိုက်ကြဘူး။ ဆုရတဲ့သူကျတော့ လည်း သူရဲ့ပျော်ရွှင်မှုကို ပြည့် ပြည့်ဝဝခံစားမနေရဘဲ ဟိုကဝိုင်းဆွဲ ဒီကဝိုင်းဆွဲနဲ့သူ့မှာ ငြိမ်ငြိမ်ကိုမနေ ရဘူး။ ဟိုကဆွဲဒီကဆွဲနဲ့ သရုပ်ပျက် ပါတယ်။ အဲဒီတော့အဲဒီအရာလေး ကိုတော့ ဒီနှစ်ဖြစ်စေချင်တယ်ဗျာ။ကျွန်တော်နှစ်တိုင်း ကျွန်တော့် သူ ငယ်ချင်းတွေရတယ်။ ကျွန်တော် သူ များဝုန်းဒိုင်းနှုတ်ဆက်တိုင်း ကျွန် တော်လိုက်နှုတ်မဆက်ဘူး။ သူတို့ အကယ်ဒမီဆုလေးယူလာပြီး အား လုံးငြိမ်သွားမှ ကျွန်တော်သွားနှုတ် ဆက်တယ်။ အဲဒါကအမှန်ပါပဲခင်ဗျ။

ထွန်းထွန်း

ဒီနှစ်ကအမိုက်စားပဲ။ ဇာတ်ကား တွေလည်းအများကြီးပဲ။ ပရိသတ် တွေလည်း တကယ်အားရကြမယ့် အကယ်ဒမီလို့ထင်တယ်။ မိုက်မှာ။ ကျွန်တော်ကတော့နောက်တစ်ဆု ထပ်ရဖို့ ကျွန်တော်အများကြီးကြိုး စားရဦးမယ်။

ခိုင်သင်းကြည်

အကယ်ဒမီကတော့ မခိုင်ကား တွေ ဒီနှစ်မပါပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်မှာမခိုင်ပါတဲ့ကားတွေ က ဟာသတွေပဲများတယ်လေ။ ရင် ခုန်ရမယ့်သူတွေကတော့ တခြား သရုပ်ဆောင်တွေပဲဖြစ်မှာပါ။ အား ပေးဖို့အတွက်ကတော့ တက်ရောက် ဖြစ်မှာပါပဲ။

စိုးပြည့်သဇင်

အကယ်ဒမီကတော့ အကဲဖြတ် တဲ့သူတွေကလည်း အကုန်လုံးကို ကြည့်ရှုကြမှာပါ။ တော်တဲ့သူတွေ ရကြမှာပါ။ ဘယ်သူရရဝမ်းသာပါ တယ်ရှင့်။ ညီမအတွက်ကတော့ထွေထွေထူးထူးမရှိပါဘူး။ စိုးပြည့်အနေနဲ့ ကတော့ ကိုယ်ပါဝင်ရမယ့် အခန်း ကဏ္ဍကနေ အကောင်းဆုံးပါဝင်ထား ပါတယ်။ ပရိသတ်တွေကခန့်မှန်းပေး လို့ဝမ်းသာပါတယ်။ ရလာခဲ့မယ်ဆို တအားပျော်မိမှာပါ။ မျှော်တော့ မမျှော်လင့်ပါဘူး။အကယ်ဒမီဆိုတာ က အနုပညာရှင်တွေအကုန်လုံးက တန်ဖိုးထားရတဲ့ဆုလာဘ်တစ်ခုဖြစ် တယ်။ ဒီနှစ်ဆိုရုပ်တုတွေလည်းများ မယ်၊ နောက် တစ်သက်တာဆုလည်း ပေးမယ်ဆိုတော့ ဒါကတကယ်ကို အနုပညာရှင်တစ်ယောက်အနေနဲ့အများကြီးဝမ်းသာပါတယ်။

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071