Wednesday, July 1, 2026

အယ်လ်နီညိုကြောင့် ဖြစ်လာနိုင်သည့် ရာသီဉတုအခြေအနေများကို ကြိုတင်သုံးသပ်ပြင်ဆင်ထားရန်...

ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း မှာကြား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးစဉ် ထိုသို့ မှာကြားခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်း...

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ...

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူကို ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊...

မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရခြင်းသည် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀...

အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ...

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki...
HomeMoviesဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးရမှာ...

ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးရမှာ မဟုတ်ဘူးလို့ ဗန့်စ်ပြော

ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားလာတဲ့အခါ ဘာဖြတ်သန်းခမှ ကောက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
သတင်းထောက် မိုက်ကယ်နိုးလ်စ်(Michael Knowles) နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူက “ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သွားတဲ့ သင်္ဘောတွေဆီကနေ အီရန်တွေ ဖြတ်သန်းခ ကောက်လို့ရမယ့် အခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဗန့်စ်ရဲ့ အဆိုအရတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်အပေါ်မှာ “ဖိအားပေးနိုင်တဲ့ အချက်တွေ” အများကြီး ရှိနေသေးတာကြောင့် အီရန်နဲ့ ဖြစ်နေတဲ့ အခြေအနေတွေဟာ “အမေရိကန်ရဲ့ ရည်မှန်းချက်တွေအတွက် အကျိုးရှိမယ့် အနေအထားတစ်ခု” မှာပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ အိုမန်နိုင်ငံဟာ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေဆီကနေ ဖြတ်သန်းခ ကောက်ခံဖို့ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေဆီ တရားဝင် အဆိုပြုလွှာ တင်သွင်းခဲ့တယ်လို့ The New York Times သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အယ်လ်နီညိုကြောင့် ဖြစ်လာနိုင်သည့် ရာသီဉတုအခြေအနေများကို ကြိုတင်သုံးသပ်ပြင်ဆင်ထားရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ပြောကြား

ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း မှာကြား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးစဉ် ထိုသို့ မှာကြားခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်ပြီးစီး၍ စက်များ လည်ပတ်မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို သွားရောက်စစ်ဆေးခြင်း ဖြစ်သည်။ စစ်ဆေးစဉ် ဓာတ်အားထိန်းချုပ်ခန်း (Control Room) အတွင်း ဓာတ်အားထိန်းချုပ်၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်မောင်းနှင်နေမှုအခြေအနေ၊ ဓာတ်အားပေး စက်များ၏ တာဘိုင်များ လည်ပတ်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်နေမှု၊ တမံအတွင်း ပေါင်းလောင်းငယ်ချောင်းမှ နုန်းများ...

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူကို ယမန်နေ့က တွေ့ဆုံခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရခြင်းသည် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ၌ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈) မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ပြုလုပ်နေသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှူစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ရေကြီးရေလျှံမှုဒဏ်ကို ခံစားမှုမရှိစေရေး အလေးအနက်ထား ဆောင်ရွက်ကြရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071