Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeInternationalဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို...

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။

သူ၏ တောင်းခံမှုသည် သြဇာကြီးသော အမျိုးသမီးကွန်ရက်တစ်ခုမှတဆင့် တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီး ရှာရွန်စတုန်းနှင့် ဟယ်လီဘယ်ရီအပါအဝင် သရုပ်ဆောင်များသည် အင်္ကျီများ၊ ဖိနပ်များ၊ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခါးပတ်များ၊ ညဝတ် ဝတ်စုံများနှင့် သူတို့ပိုင် အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူ လှူဒါန်းခဲ့ကြသည်။

“ကျွန်မ ဗီရိုတစ်ခုလုံးက အထည်တွေကို ထုပ်ပိုးနေပါတယ်” ဟု မင်းသမီး ဘယ်ရီက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။ “ရှင်တို့သာ တောင်ကယ်လီဖိုးနီးယားဧရိယာမှာနေသူဆိုရင် ဒီအတိုင်းလုပ်ဖို့ တိုက်တွန်းပါတယ်၊ ဒါက ဒီအချိန်မှာ ကျွန်မတို့လုပ်နိုင်တဲ့အရာပါ” ဟု သူက ဆိုခဲ့သည်။

+COOP ဟုခေါ်သော အိမ်သုံးပစ္စည်းစတိုးဆိုင်လည်းဖွင့်ထားသော ကူးပါးသည် မီးဘေးသင့်သူများ သူတို့လိုရာပစ္စည်းရနိုင်ရေးအတွက် ကြိုက်ရာရွေးယူနိုင်သည့် pop-up ဈေးဝယ်နေရာတစ်ခုဖန်တီးရန် သူ့ဆိုင်နေရာတစ်ဝက်ကို ရှင်းလင်းခဲ့သည်။ လက်ရှိအချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်သော တောမီးကြောင့် လော့စ် ဆန်းဂျလိစ်ဒေသခံများစွာသည် နေအိမ်များ လုံးဝဆုံးရှုံးခဲ့ကြရသည်။

စတုန်းသည် ယင်းလှူဒါန်းမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတွင် သတင်းအချက်အလက်ဖြန့်ဝေခဲ့ပြီး သူ၏လုပ်ရပ်သည် အများကို ဆွဲဆောင်နိုင်ခဲ့သည်။ သူနှင့် ညီမဖြစ်သူ ကယ်လီစတုန်းသည် အဝတ်အစား၊ အိပ်ယာနှင့် အခြားအသုံးအဆောင်များကို လှူဒါန်းခဲ့ပြီး ကယ်လီသည် ဈေးဝယ်သူများကို စေတနာဝန်ထမ်း ကူညီပေးခဲ့သည်။

ကူးပါး၏ စတိုးဆိုင်တွင် သန့်ရှင်းသောTarget အတွင်းခံထုပ်များမှအစပြုကာ သစ်လွင်ပေါ့ပါးသော ဇာရာ ဝတ်စုံများ၊ ဂူချီ အဝတ်အထည်အချို့နှင့် Ferragamo ရှူးဖိနပ်များထိတိုင် ရောနှောပြသထားသည်။

သရုပ်ဆောင်များ၊ အမှုဆောင်များ၊ ရှေ့နေများ၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့် မိခင်များအပါအဝင် လော့စ် ဆန်းဂျလိစ်တစ်ဝန်းမှ သြဇာတိက္ကမ ကြီးသူများထံမှ လှူဒါန်းမှုများနှင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီမှုများကို လက်ခံရရှိခဲ့သည်ဟု ကူးပါးက ပြောဆိုသည်။ နူးယော့ခ်ရှိ သူ၏ အိမ်ခြံမြေကွန်ရက်အေးဂျင့်သည် လက်ဆောင်ကတ်များ ပေးပို့ခဲ့သည်ဟုလည်း သူက ပြောဆိုခဲ့သည်။

Ref: Aol.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071