Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeInternationalဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို...

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။

သူ၏ တောင်းခံမှုသည် သြဇာကြီးသော အမျိုးသမီးကွန်ရက်တစ်ခုမှတဆင့် တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီး ရှာရွန်စတုန်းနှင့် ဟယ်လီဘယ်ရီအပါအဝင် သရုပ်ဆောင်များသည် အင်္ကျီများ၊ ဖိနပ်များ၊ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခါးပတ်များ၊ ညဝတ် ဝတ်စုံများနှင့် သူတို့ပိုင် အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူ လှူဒါန်းခဲ့ကြသည်။

“ကျွန်မ ဗီရိုတစ်ခုလုံးက အထည်တွေကို ထုပ်ပိုးနေပါတယ်” ဟု မင်းသမီး ဘယ်ရီက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။ “ရှင်တို့သာ တောင်ကယ်လီဖိုးနီးယားဧရိယာမှာနေသူဆိုရင် ဒီအတိုင်းလုပ်ဖို့ တိုက်တွန်းပါတယ်၊ ဒါက ဒီအချိန်မှာ ကျွန်မတို့လုပ်နိုင်တဲ့အရာပါ” ဟု သူက ဆိုခဲ့သည်။

+COOP ဟုခေါ်သော အိမ်သုံးပစ္စည်းစတိုးဆိုင်လည်းဖွင့်ထားသော ကူးပါးသည် မီးဘေးသင့်သူများ သူတို့လိုရာပစ္စည်းရနိုင်ရေးအတွက် ကြိုက်ရာရွေးယူနိုင်သည့် pop-up ဈေးဝယ်နေရာတစ်ခုဖန်တီးရန် သူ့ဆိုင်နေရာတစ်ဝက်ကို ရှင်းလင်းခဲ့သည်။ လက်ရှိအချိန်အထိ လောင်ကျွမ်းနေဆဲဖြစ်သော တောမီးကြောင့် လော့စ် ဆန်းဂျလိစ်ဒေသခံများစွာသည် နေအိမ်များ လုံးဝဆုံးရှုံးခဲ့ကြရသည်။

စတုန်းသည် ယင်းလှူဒါန်းမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတွင် သတင်းအချက်အလက်ဖြန့်ဝေခဲ့ပြီး သူ၏လုပ်ရပ်သည် အများကို ဆွဲဆောင်နိုင်ခဲ့သည်။ သူနှင့် ညီမဖြစ်သူ ကယ်လီစတုန်းသည် အဝတ်အစား၊ အိပ်ယာနှင့် အခြားအသုံးအဆောင်များကို လှူဒါန်းခဲ့ပြီး ကယ်လီသည် ဈေးဝယ်သူများကို စေတနာဝန်ထမ်း ကူညီပေးခဲ့သည်။

ကူးပါး၏ စတိုးဆိုင်တွင် သန့်ရှင်းသောTarget အတွင်းခံထုပ်များမှအစပြုကာ သစ်လွင်ပေါ့ပါးသော ဇာရာ ဝတ်စုံများ၊ ဂူချီ အဝတ်အထည်အချို့နှင့် Ferragamo ရှူးဖိနပ်များထိတိုင် ရောနှောပြသထားသည်။

သရုပ်ဆောင်များ၊ အမှုဆောင်များ၊ ရှေ့နေများ၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့် မိခင်များအပါအဝင် လော့စ် ဆန်းဂျလိစ်တစ်ဝန်းမှ သြဇာတိက္ကမ ကြီးသူများထံမှ လှူဒါန်းမှုများနှင့် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီမှုများကို လက်ခံရရှိခဲ့သည်ဟု ကူးပါးက ပြောဆိုသည်။ နူးယော့ခ်ရှိ သူ၏ အိမ်ခြံမြေကွန်ရက်အေးဂျင့်သည် လက်ဆောင်ကတ်များ ပေးပို့ခဲ့သည်ဟုလည်း သူက ပြောဆိုခဲ့သည်။

Ref: Aol.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက် Meta က တောင်းပန်

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ် ကက်ပလန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။         “ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို ကန့်သတ်မိခဲ့တဲ့ အမှားအယွင်းအတွက် မက်တာကိုယ်စား ဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်” ဟု ကက်ပလန်က ပြောကြားခဲ့သည်။    မိုဒီ၏ ပို့စ်တစ်ခုကို ဖေ့စ်ဘုတ်က ခဏတာကန့်သတ်ခဲ့ပြီးနောက် အိန္ဒိယသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် မက်တာ အမှုဆောင်အရာရှိများကို ဆင့်ခေါ်ခဲ့သည်။ လုပ်ဆောင်ချက်အမှားတစ်ခုကြောင့် ပို့စ်ကို မတော်တဆ...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန် သွားမည်

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင် သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။         သမ္မတ တိုလမ်၏ ခရီးစဉ်သည် သြဂုတ်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိကြာမြင့်မည်ဟု အစိုးရက ပြောကြားခဲ့ပြီး နိုင်ငံတခုချင်းစီအလိုက် အချိန်ဇယားအတိအကျကိုမူ မပြောကြားခဲ့ပေ။     ၂၀၂၄ ခုနှစ်တွင် ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ချိန်မှစကာ မစ္စတာ လမ်သည် များမြောင်သော သံတမန်ရေးခရီးစဉ်အစီအစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။     ဗီယက်နမ်သည် ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071