Home News Local News ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

0
111

ဟင်္သာတ၊ စက်တင်ဘာ -၄

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။

ထိုသို့ အကူအညီပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီးရှိ Deployment ကြက်ခြေနီစေတနာ လုပ်အားရှင်များက ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၂ ခုမှ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၅၅ စုံ၊ ၂၀ လီတာဆံ့ သောက်ရေပုံး ၁၅၅ ပုံး၊ ခြင်ထောင် ၁၅၅ လုံး၊ မီးဖိုချောင်သုံးပစ္စည်း ၈၅ စုံနှင့် တာပေါ်လင် ၇၀ ချပ်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ရေဘေးရှောင်စခန်းများရှိ ရပ်ရွာလူထုအတွက် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများအပြင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ သိရသည်။

ဓာတ်ပုံ- MRCS