Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' Newsသရုပ်ဆောင်တာ မကျွမ်းကျင်တဲ့ အပေါ်မှာ...

သရုပ်ဆောင်တာ မကျွမ်းကျင်တဲ့ အပေါ်မှာ နည်းနည်းရှက်သလိုလို ခံစားရတယ် J.Fire

ပေါင်ချိန် ၂၄ဝကနေ ၁၇၅ ပေါင်အထိဖြစ်အောင် ဝိတ်ချနိုင်ခဲ့သူ ဟစ်ဟော့ပ်အဆိုတော် J.Fire ကို ကိုယ့်သမိုင်းကိုယ် ရေးကြသူများ-၂ ရုပ်ရှင်ဇာတ်ကား အထူးပွဲမှာ တွေ့ဖြစ်ခဲ့ပါတယ်။ မန္တလေးမှာပဲနေ ထိုင်ဖြစ်တဲ့ J.Fire နဲ့ ရန်ကုန်မှာ ကြုံတောင့်ကြုံခဲတွေ့ဆုံတုန်းလေး အင်တာဗျူးမေးဖြစ်တာက သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးပါ။

“အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ရတာတော့ အမှတ်တရတွေအများကြီးပဲပေါ့။ အထူးသဖြင့်တော့ အရင် ခန္ဓာကိုယ်နဲ့ပေါ့။ အခုလို ခန္ဓာကိုယ်နဲ့ ပြန်ကြည့်တော့ ဘယ်လို မြင်သလဲဆိုတော့ ဝဝတုတ်တုတ် ဖက်တီးကောင်လေး သရုပ်ဆောင် နေတာကို မြင်တယ်ပေါ့။ ကိုယ်မဟုတ်သလို ခံစားရတယ်။ ကိုယ်သရုပ်ဆောင်တာ မကျွမ်းကျင် တဲ့အပေါ်မှာ နည်းနည်းရှက်သလိုလို ခံစားရတယ်။ အဲဒီဖီလင်လေးပါပဲ။ ထွေထွေထူးထူးမရှိပါဘူး”လို့  J.Fire ကပြောပါတယ်။ ဇာတ်ကားထဲမှာ Free Style (တီးလုံးဖွင့်ပြီး မြင်သမျှကို လက်တန်းRap ဆိုခြင်း) ရွတ်ဖြစ်တုန်းက တကယ်ပဲ လှည်းတန်းဂုံး တံတားအောက်ရောက်မှ စိတ်ကူးထဲပေါ်တာကို ရွတ်ဖြစ်တာလားလို့ဆိုတော့”Free Style လက်တန်းရွတ်တာက ခေါင်းထဲပေါ်လာတာကို တန်းရွတ်ရတာပေါ့။

ကျွန်တော်တို့  မျက်နှာပြောင်ပြီးလျှောက်ပြော မိတဲ့ ကာရန်တွေလည်း ပြန်ပါလာတယ်။ တချို့ဟာတွေကျတော့လည်း လက်တန်းတွေ ရွတ်တာပါလာတယ်။ သေချာတယ်ဗျ။ ကျွန်တော်တို့ကြိုတင်တိုက်ထားတာတွေလည်း မရှိပါဘူး။ ကိုယုန်လေးကလည်း အဲဒီနေ့ မနက်ကျမှ ရွတ်ရမယ်ပြောတာ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အ လှန်စနောက်နေရင်းနဲ့ တကယ်ကို Battle ပုံစံလေး ဖြစ်သွားတာပေါ့”  လို့ သူကပြောပြပါတယ်။ သူ့ဘဝ အကြောင်း ရေးထားတဲ့ ‘ကောက်ရိုးလေးတစ်မျှင်’ သီချင်းထွက်လာခဲ့ရင် ပရိသတ်တွေအံ့အားသင့်သွားစေပါမယ်လို့ပြောတဲ့ J.Fire က…

“ကျွန်တော်လုံးဝကို မပြော ပြ ရသေးတဲ့ အရာလေးတစ်ခုရှိပါ သေးတယ်။ အဲဒါကအားလုံးကို Suprise တစ်ခုလုပ်ဖို့ပါပဲဗျ။ သီချင်းလေး တစ်ပုဒ်တည်းနဲ့ပါပဲ။ အဲဒါကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ အားပေးပါဦး။ ပြီးလို့ရှိရင် ကျွန်တော့်ရဲ့ Second Album ၂ဝ၁၈ခုနှစ်ထဲမှာထွက်ပါမယ်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071