Sunday, May 18, 2025

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...
HomeDhammaသရေခေတ္တရာ သမိုင်းဝင် ရွှေပလ္လင်မှော်စေတီတော်

သရေခေတ္တရာ သမိုင်းဝင် ရွှေပလ္လင်မှော်စေတီတော်

 

pagoda

ရွှေပလ္လင်မှော်စေတီသည် ပြည်မြို့ နဝင်းရပ်ကွက်၊ ရွှေကူရပ်ကွက်၊ ကျောင်းအိုး ရပ်ကွက် ၃ ခု၏ နယ်စပ်အနီး ဧရာဝတီမြစ် ကမ်းပါးတွင်တည်ရှိ၏။ မြစ်အ နောက်ဘက်ကမ်းမျက်နှာချင်းဆိုင်တွင် ရွှေဘုံ သာမုနိဘုရားနှင့် အနောက်ယွန်းယွန်း တွင်ဖိုး ဦးတောင်နှင့် ဧရာဝတီ၏ စတုတ္ထ မြစ်ကျဉ်း တို့ရှိ၏။

ဒွတ္တပေါင်မင်းကြီး၏ မိဖုရား ပန်ထွာ မင်းသမီး(သို့မဟုတ်) ဗိဿနိုးမင်းသမီးမှ သာသနာတော်နှစ် (၁၂၇)ခု၊ ဘီစီ (၄၁၇) ခုနှစ်တွင်တည်ထားခဲ့သည်ဆိုလေ၏။ စေတီ တော်အတွင်း ဆံတော်လေးဆူကိန်းဝပ်ပူဇော် ခံခဲ့သည်။ ရွှေရောင်အဆင်းရှိ ကျောက်ပလ္လင် နှစ်ခု၊ ဘုရားရှင်၏ ဓာတ်တော်၁ဝ၈ ဆူကို ထည့်သွင်း ဌာပနာခဲ့၏။ ဘုရား၏ ဘွဲ့တော် အားလည်း “ရွှေပလ္လင်မျှော်” ဟု ဆက်ကပ်သမုတ်ခဲ့၏။ ကိုလိုနီခေတ်တွင် ရွှေပလ္လင်မှော်ဟု ခေါ်ဝေါ်လာကြရာမှ ‘ရွှေပ လ္လင်မှော်စေတီ’ ဟု ယနေ့ချိန်ထိ တွင်ခဲ့လေ၏။

စေတီတော်အား သက္ကရာဇ် ၈၁ ခုတွင် ပြည့်ရှင်သီဟသူ (သတိုးသီဟ ဓမ္မရာဇာ)၊ ပြည် ဘုရင်မင်းကြီးမျက်နှာရှည်(သက္ကရာဇ် ၇၃၉-၇၅ဝ)၊ ဆင်ဖြူရှင်သတိုးမင်းစော(၈၄၄-၈၈၈)၊ သတိုးဓမ္မရာဇာ (၉၁၃-၉၅ဝ)၊ အင်းဝ ညောင်ရမ်းမင်းသားလတ် သာလွန်မင်း (သိရီသုဓမ္မရာ ဇာမဟာစိမတိ) (၉၉ဝ- ၁ဝ၁ဝ)၊ ဗဒုံမင်းခေါ်ဘိုးတော်ဘုရား (၁၁၄၃-၁၁၈၁)၊ အလောင်းမင်းတရားကြီး၏ စတုတ္ထ သားတော်နှင့် မင်းမိဖုရားအဆက်ဆက်မှ ပြု ပြင်မွမ်းမံထိန်းသိမ်းခဲ့ကြကြောင်း မှတ်တမ်း များအရ သိရ၏။

၁၈၅၂ ခုနှစ် အောက်တိုဘာ ၉ ရက် ပြည်မြို့ အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့ချိန်တွင် မြို့သူမြို့သားရဟန်း ရှင် လူအပေါင်းမှထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြ၏။ ၁၉၉၇ ခုနှစ်တွင် လေပြင်းတိုက်ခိုက် မှုကြောင့် မူလထီးတော်ပိန္နဲတိုင်မှကျိုးပြတ်၍ စိန်ဖူး တော်၊ ငှက်မြတ်နားအပါအဝင် ထီးတော် မြေခ ခဲ့ရ၏။ ဂေါပကအဖွဲ့နှင့်အလှူရှင်များ စုပေါင်း ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထီးတော်အသစ်ပြန်လည်ဆက်ကပ် လှူဒါန်း ခြင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေ သင်္ကန်း ကပ်လှူပြီးစီးခြင်းအတွက် ရေစက် သွန်းချ အနုမောဒနာပြုခဲ့ကြ၏။ သို့ပါ၍ ပြည်မြို့သို့ ရောက်ရှိပါက သာယာလှပသည့် ဧရာဝတီ မြစ်ကမ်းနံဘေး တွင်တည်ရှိပြီးလှပသည့် ရှုခင်းများခံစားနိုင်၊ မြစ်လေနုအေးအေးကို ရှူရှိုက်ရင်းရွှေပလ္လင်မှော်စေတီတော်မြတ်အား ကြည်ညိုသဒ္ဓါပွားဖူးမြော်နိုင်ကြပါကြောင်း နှိုးဆော်လိုက်ရပါသည်။

နိုင်ထွန်း(TGI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071