Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsသင်္ဘော အရာရှိလည်းဖြစ်၊ တစ်ကိုယ်တော်...

သင်္ဘော အရာရှိလည်းဖြစ်၊ တစ်ကိုယ်တော် အခွေလည်းထွက်၊ အောင်မြင်မှုတွေနဲ့ Ice Coldရဲ့ ၂ဝ၁၈

သင်္ဘောအရာရှိစာမေးပွဲက ဆုံးခန်းတိုင်သွားပြီ ဖြစ်တဲ့အတွက် တစ်ကိုယ်တော်အခွေကို ၂ဝ၁၈ခုနှစ် ထဲမှာ အပြီးသတ်ထွက်ရှိနိုင်တော့ မှာပါလို့ ဟစ်ဟော့ပ်အဆိုတော် Ice Cold ကပြောပါ တယ်။

“ဂီတပိုင်းက အခုကျွန်တော် စာမေးပွဲပြီးသွားတဲ့အနောက်မှာ ကျွန်တော့် သူငယ်ချင်း G.Fatt ရဲ့Second Album ထွက်ရှိဖို့အတွက်ကို ကူညီနိုင်တာလေး တွေ ကူညီပေးထားတယ်။ ကျွန်တော့်မှာ Instrumental နဲ့ ပတ်သက်လို့ လိုအပ် တာလေးတွေ ရှိတယ်။ အဲဒါလေးတွေကို လေ့လာနေတယ်။ စာမေးပွဲ ကိစ္စက လည်း နောက် ဆံတင်းစရာမရှိတော့ဘူးဆိုတော့ အဲဒီဟာတွေ လုပ်ကိုင်နေရင်းနဲ့ အခု ဒီ ၂ဝ၁၈ခုနှစ်ထဲမှာ ကျွန်တော့်တစ်ကိုယ်တော်အခွေကို ကျွန်တော်စိတ်အေးအေး ထားပြီးလုပ်လို့ ရသွားပါပြီ။

၂ဝ၁၈ခုနှစ်ထဲ မှာ ထွက်ရှိဖို့ကတော့သေချာသွားပါပြီ”  လို့ သိရပါတယ်။ လတ်တလောရုံတင်ပြသနေတဲ့ ‘ကိုယ့်သမိုင်းကိုယ်ရေး ကြသူများ-၂’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း Ice Cold က ပါဝင်သရုပ် ဆောင်ထားလေတော့ ဇာတ်ကားသရုပ်ဆောင်ခဲ့စဉ်က ဘယ်လိုအမှတ် တရတွေရှိလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဖိုက်တင်ခန်းတွေပေါ့နော်။ ငယ်ငယ်တုန်းက မြန်မာဇာတ်ကား တွေ ကြည့်ရှုရင်ဒီအတိုင်းပဲ ပရိသတ်အနေနဲ့ကြည့်ရှုဖူးတာပေါ့။ အဲဒီ အထဲမှာ သုံးတဲ့ပစ္စည်းတွေကို ကျွန်တော်တို့ မသိဘူးပေါ့နော်။ တုတ်တွေ ဆိုရင်လည်း တကယ့်တုတ်တွေနဲ့ပဲရိုက်တာလား၊ ဘာ လားပေါ့။ တကယ်ရိုက်တော့မှ ရုပ်ရှင်ထဲမှာရိုက်တဲ့တုတ်တွေ၊ သွေး တွေစသဖြင့်ပေါ့။ အမှတ်တရတွေ အများကြီးတွေ့ခွင့်၊သိခွင့်ရ လိုက်ပါတယ်” လို့ သူ့အတွေ့ အကြုံကို Ice Cold ကပြောပါတယ်။

သရုပ်ဆောင်အလုပ်ဆိုတာ Ice Cold တို့နဲ့ဆို တော်တော်လေး အလှမ်းဝေးတဲ့အနေအထားဆိုတော့ စိုးရိမ်စိတ်တွေရှိခဲ့သလားဆိုတဲ့ အမေးကိုလည်းIce Cold က “စိုးရိမ်တာတော့ တော်တော်စိုးရိမ် ပါတယ်။ အခုမှစပြီးသရုပ် ဆောင် ဖူးတာဆိုတော့ အဆင်မှပြေပါ့မလားဆိုတဲ့ စိတ်လေးတော့ ဖြစ်မိတယ်။ ကိုယုန်လေးကပြောပါတယ်။ အဆင်မပြေစရာ အကြောင်း တော့ မရှိပါဘူးတဲ့။ ကျွန်တော်တို့ ဂီတလောက အသိုင်း အဝိုင်းက ကျွန်တော် တို့အပြင်မှာ တကယ်လုပ်နေတဲ့ အရာတွေကိုပဲ လုပ်ရ တာဖြစ်တဲ့ အတွက် တကယ်ရိုက်ကူးတဲ့အခါမှာ အဆင်ပြန်ပြေသွားပါ တယ် ခင်ဗျ”  လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071