သရုပ်ဆောင် စည်သူမောင် အနေနဲ့ သူ့ချစ်သူ မိန်းကလေးက သူ့ကို ကိုယ်လက်ရောက် ရိုက်ပုတ် နှိပ်စက်မှုဖြင့် တရားစွဲဆိုထားတဲ့ အမှုမှာ စည်သူမောင် အမှုရှုံးနိမ့် သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ ပြစ်မှု မကျူးလွန်ခဲ့တာကြောင့် အမှုအမှန်အတိုင်း ဖြစ်မြောက် ဖို့အတွက် အရှေ့ပိုင်းခရိုင် တရားရုံး မှာ အမှုပြန်လည် စစ်ဆေးခွင့် အယူ ခံဝင်ထားကြောင်း သိရပါတယ်။ ဒီ အမှုအတွက် ပြင်ဆင်ထားရှိမှုများနဲ့ အခုလက်ရှိ သူ့ဘဝ ရပ်တည်မှု အခြေအနေ၊ သူ့ရဲ့ အနုပညာလှုပ် ရှားမှုတို့နဲ့ ပတ်သက်ပြီး စည်သူ မောင်နဲ့ အခုလို တွေ့ဆုံမေးမြန်း ဖြစ် ခဲ့ပါတယ်။
မေး ။ ။ အခု စည်သူမောင် တရားရင်ဆိုင်နေရတဲ့ အခြေအနေလေးပြောပြပါဦး။ ဘယ်လို အနေအထား ရောက်ရှိသွားပြီလဲ။
ဖြေ။ ။ ကျွန်တော်ကသူ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်ပါတယ်။ အဲဒီအတွက် သူဒဏ်ရာ ရပါတယ်။ အဲဒါကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဦးလေးဆီ ပို့ပေးတယ်။ ကျွန်တော့်ကို တရားစွဲတဲ့အခါမှာ ဒါတွေကို သက်သေအဖြစ် တင်ပြမယ်ပေါ့။ တရားတပေါင်ရင်ဆိုင်ကြတဲ့အခါမှာ တရားသူကြီးက သူ့ကို နှိပ်စက်ထားတဲ့ ဓာတ်ပုံတွေ ဘယ်မှာလဲ ဖုန်းထဲမှာ ရှိရင် ပြပါဆိုတော့ သူ့ဘက်က ဘာပြောလဲဆိုတော့ ဖုန်းတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းသွားတဲ့ အခါကျတော့ ဒီဓာတ်ပုံတွေ က ဖျက်တဲ့ အထဲပါသွားတယ်။ နောက်တစ်ခုက ဒီပုံတွေမြင်ရရင် သူ့စိတ်ထဲ စိတ်ခံစားချက် မကောင်းလို့ မှားပြီးတော့ ဖျက်လိုက်မိတယ်။ အဲဒီ့အတွက် သက်သေမပြနိုင်တော့ပါဘူးလို့ ပြောတယ်။ ဒီသက်သေတွေ တကယ်ရှိလား၊ မရှိလား က ကျွန်တော်တို့ အသိဆုံးပဲလေ။ ပြောရမယ်ဆိုရင် ဒီသက်သေပျက်သွားတဲ့အတွက်ကြောင့်မို့ သက်သေမရှိတော့ဘူးပေါ့။ အသေး စိတ်ကိုတော့ ကျွန်တော် မပြောတော့ဘူး။ ဘယ်လိုကြောင့်လဲဆိုတာ ကျွန်တော်လည်း မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်ဘက်က သက်သေတင်ပြတဲ့အခါမှာ သူနဲ့ကျွန်တော်နေဖို့အတွက် တိုက်ခန်းတွေ ရှာတယ်။ အိမ်ခန်းတွေ ခြံတွေရှာတယ်။ အဲဒီ့ဟာတွေ အားလုံးရဲ့ ဗီဒီယိုဖိုင်တွေကို တရားရုံးမှာ ရက်စွဲနဲ့တကွ အတိအကျ သက်သေပြခဲ့တယ်။ အခုလို သက်သေပြနိုင်ခဲ့တာကလည်း ကျွန်တော်တရားရုံးမှာ အိမ်ခန်းတွေ ခြံတွေ ရှာထားတဲ့ ဗီဒီယိုဖိုင်တွေကို ရက်စွဲ တွေနဲ့ ဘာလို့သက်သေပြနိုင်လဲဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်က ကျွန်တော်အိမ်ခန်းတွေ ခြံတွေ သွားတဲ့အချိန် မှာ သူက ကျွန်တော်နဲ့အတူတူ လိုက်ဖို့အတွက် အဆင်မပြေဘူးပေါ့။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ကို လူတွေကို သိတဲ့ အခါကျတော့ စည်သူမောင် အိမ်ထောင်ကျသွားပြီ။ သူနေဖို့အတွက် အိမ်တွေ၊ ခြံတွေရှာနေပြီဆိုပြီးတော့ အပြင်မှာ သတင်းတွေ ပြန့်သွားမှာစိုးကာ မလိုချင်ဘူး။ သူ့မျက်နှာကိုလည်း မပြချင်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော်ခြံ၊ အိမ်ခန်းတွေ သွားရှာတယ်။
ရှာရင်းနဲ့ ဗီဒီယို ရိုက်ထားတယ်။ ပြန်ရောက်ရင် သူ့ကို ဒီခြံကတော့၊ ဒီအိမ်ကတော့ ဘယ်နေရာ၊ ဘယ်နေရာမှာရှိတယ်။နောက်ပြီးတော့ အိမ်ခန်းအနေအထား ခြံအနေအထားရဲ့အထဲ အတွင်းအပြင်က ဘယ်လောက်ရှိတယ်။ ဈေးက ဘယ်လောက်၊ ဘယ်လောက်ရှိ တယ်ဆိုတာ ဗွီဒီယိုဖိုင်ကို ဖွင့်ပြီး သူ့ကို ပြောပြပါတယ်။ အခုကျတော့ အဲဒီဖိုင်တွေက ကျွန်တော့် ဖုန်းထဲမှာ ရက်စွဲနဲ့ ရှိနေတာဆိုတော့ ဒါတွေက တရားရုံးမှာ သက်သေအဖြစ်ပြဖို့ဖြစ် သွားတာ ပေါ့။ သူတို့ကို စစ်ပြီးလို့ ကျွန်တော့်ကိုတစ်ရက် စစ်ပြီးတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ဘက်က ကျွန်တော့်ကို ဒီအမှုကို ကျေအေးဖို့လာညှိတယ်။ လာညှိတဲ့အခါမှာ နှစ်ယောက် စလုံးက ပြန်ပြီးတော့ ဆက်လက်ပေါင်းသင်းဖို့အတွက် အဆင်မပြေနိုင်တော့ဘူးဖြစ်နေတဲ့အတွက်ကြောင့်မို့ ကွာရှင်းကြမယ်ပေါ့။ ကျွန်တော့်ဘက်လည်း ကွာရှင်းမယ်ဆိုရင်တော့ ကျွန်တော့် ဘက်ကလည်း အဆင်မပြေနိုင်ဘူးဆိုရင် ကွာရှင်းကြမယ်ပေါ့။ တစ်ခုရှိတာက ကျွန်တော့်ကို တိုင်းသိပြည်သိ စည်သူမောင်က သူ့ရဲ့အမျိုးသမီးကို ရိုက်နှက်ပါတယ်။ အိမ်ခန်းမရှာပေးပါဘူးလို့ပြောပြီးတော့ စွပ်စွဲထားတဲ့ စွပ်စွဲချက်ကြီးနဲ့ တရားစွဲထားပြီးတော့ ကျွန်တော်က ဒီတိုင်း ကွာရှင်းပေးလိုက် တယ်ဆိုရင် ဒါကို ကိုယ်နဲ့ရင်းနှီးတဲ့ ပတ်သက်ရာပတ်သက်ကြောင်း လူနည်းစုလောက်ကပဲ ကိုယ့်ရဲ့အဖြစ်မှန်ကို သိကြမယ်။ တစ်တိုင်းပြည် လုံး သိထားတဲ့ အနေအထားနဲ့ဆိုရင် ဒီကောင်တကယ် အပြစ်လုပ်လို့ ကွားရှင်းပေးတယ်လို့ ထင်သွားမှာ ကျွန်တော်စိုးရိမ်ပါတယ်။ နံပါတ် တစ်အချက်က ကျွန်တော့်ရဲ့ဂုဏ်သိက္ခာ၊ နောက်ကျွန်တော့် မိဘဂုဏ် သိက္ခာ၊ နောက် ကျွန်တော့်ကို အားပေးနေတဲ့၊ ပြီးတော့ ကျွန်တော်ဟာ ဒီလိုယောက်ျား မဟုတ်ဘူးဆိုတာ ယုံကြည် ပြီးအားပေးနေတဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေ၊နောက်ပြီးတော့ တခြားတခြား သော ပတ်ဝန်းကျင်လည်း ရှိပါတယ်။ အဲဒီ့အတွက်ကြောင့်မို့ ကျွန်တော်က ဒါကိုပြေလည်အောင် ဖြေရှင်းဖို့ဆိုလို့ရှိရင် တော့ သူ့ဘက်က ရှေ့နေက တရားရုံပေါ်မှာ တရားသူကြီးရှေ့မှာပဲ တရားဝင် ကျွန်တော်တို့ အပြန်အလှန်ပြောကြားတဲ့ စကားပါ။
ဘာလဲဆိုတော့ သူ့ဘက်ကနေပြီးတော့ ကျွန်တော့်ကိုဒေါသအလျောက် မှားယွင်းစွပ်စွဲမိတယ်ဆိုပြီးတော့ သတင်းစာထဲမှာ တောင်းပန်မယ်ဆိုရင် ကျွန်တော် ကွာရှင်းပေးပါ့မယ်။ ဘာလျော်ကြေးတစ်ပြားတစ်ချပ်မှ ပေးစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က လျော်ကြေးလိုချင်လို့ ကွာရှင်းမပေး ဘူးဆိုတဲ့ အသံမျိုးလည်း တစ်ခါတလေကျ ထွက်လာတယ်ပေါ့နော်။ ဒါကတော့ တိကျတဲ့ သက်သေလည်းမရှိဘူး။ သေချာတဲ့ စကားလုံးလည်းမရှိဘူး။ ဒါကတော့ ကောလဟာလလည်း ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ ကျွန်တော် ဒါကို အတည်မပြုနိုင်ဘူးပေါ့။ ဒါပေမယ့်လည်း ကျွန်တော့်အပေါ်မှာ မှားယွင်းစွပ်စွဲမိတယ် ဆိုပြီးတော့ သတင်းစာထဲကနေ လူသိရှင်ကြား တောင်းပန်လို့ရှိရင် ကျွန်တော့် မိဘအမြင်မှာရော အကုန်းလုံးရဲ့ အမြင်မှာလည်း အမှန်တရားအတွက် ကောင်းသွားလိမ့်မယ်ပေါ့။ အဲဒီလိုမျိုး တောင်းပန်ပေးလို့ရှိရင် ကျွန်တော့်ဘက်က ကျေအေးပေးမယ်လို့ ကျွန်တော်ပြော ပါတယ်။အဲဒီလိုတော့ သူတို့ဘက်က လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ မလုပ်ပေးနိုင်တော့ ကျွန်တော်လည်း နောက် တစ်ထစ်လျှော့ပေးပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဘက်က ဂုဏ်သိက္ခာတွေ ရှိတယ်ဘာညာပေါ့နော်။ အဲဒီတော့ တရားသူကြီး ရှေ့မှောက်မှာ မှားယွင်းစွပ်စွဲမိတယ် ဆိုတာကို လက်မှတ်ထိုးပြီး တောင်းပန်ပေးပါ။ ဒါဆိုရင်တော့ ကျွန်တော့် ဘက်က ကျေအေးပေးမှာဖြစ်ကြောင်း ကျွန်တော်ပြောခဲ့ပါတယ်။
အဲဒီလိုမျိုးလည်း သူတို့မလုပ်ပေး နိုင်ဘူးတဲ့ သူမှားသွား တယ်ဆိုတာ နှုတ်နဲ့ပဲ သူတောင်းပန်မယ်။ အဲဒီ့အခါကျရင် ကျွန်တော်က ကွာရှင်းစာရွက်မှာ လက်မှတ်ထိုးပေးရမယ် ပေါ့နော်။ အဲဒီလိုဆိုရင်တော့ ကျွန်တော့်ဘက်က အဆင်မပြေပါဘူးလို့ ကျွန်တော့်ဘက်က ဒီထက်လည်း လျော့ပေး စရာ မရှိတော့ဘူးပေါ့။ အဲဒီတော့ အမှန်တရားအတိုင်းဖြစ်ဖို့ အတွက် ဆက်ပြီးတော့ပဲ တရားရင်ဆိုင်ရမှာပဲ ဆိုပြီး တော့ တရားရုံးဆက်တက်ပါတယ်။ အဲဒီ့တက်နေတဲ့ အချိန်အတွင်းမှာ ဘာဖြစ်သွားလဲဆိုတော့ မလေးရှား ဆီးဂိမ်းမှာ ကျွန်တော်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ မြန်မာဘောလုံးသမားတွေ ကစားတဲ့ဘောလုံးပွဲတွေကိုငလန ထုတ်လွှင့် နိုင်ဖို့အတွက် ကျွန်တော့်ကို တာဝန်ပေးတယ်။ အဲဒီ့အတွက် ကျွန်တော် မလေးရှားကို တစ်လလောက်သွားပြီးတော့ တာဝန်ထမ်းဆောင်ရတယ်။အဲဒီအချိန်မှာ ကျွန်တော်က ရုံးချိန်တစ်ခုရှိနေတဲ့ အတွက်ကြောင့်မို့ ရုံးချိန်းပျက်ကွက် ခွင့် ဆိုပြီး မြန်မာ့အသံက တာဝန်ရှိလူကြီးတစ်ယောက်ရဲ့ လက်မှတ်နဲ့ ခွင့်စာတင်ခဲ့ပါတယ်။ တင်ခဲ့ပြီးတော့ မလေးရှားကိုသွားတယ်။ ဟိုမှာက အားလုံးသိတဲ့အတိုင်းပဲ။ မြန်မာဘောလုံးသင်းရဲ့ပွဲကိုငလန လွှင့်ဖို့ မလွှင့်ဖို့အတွက်ကို ဘောလုံးအဖွဲ့ချူပ်က တာဝန် ရှိသူတွေ အားလုံးကြိုးစားနေရသလို ကျွန်တော်လည်း အဲဒီ့အချိန်မှာ အလုပ်တွေ တအား ရှုပ်နေတယ်။ အဲဒီ့အချိန်မှာ ဒီဘက်မှာဘာတွေ ဖြစ်နေလဲဆိုတော့ ကျွန်တော် တရားရုံးမှာ ပထမရုံးချိန်းကို မလာနိုင်တဲ့အတွက် ကျွန်တော်ပျက်ကွက်ခဲ့တယ်။ ပုံမှန်ဆိုရင်တော့ ကျွန်တော့်ကို ၂ပတ်တစ်ခါ ချိန်းပါတယ်။ အဲဒီ့ရုံးချိန်းကိုတော့ ကျွန်တော့် ကို ၂ပတ်တခါ မချိန်းဘဲ ကျွန်တော် ပျက်ကွက်ပြီးတော့ နောက်တစ်ရက်ခြားမှာ ထပ်ချိန်းတယ်။ တရားဥပဒေ လုပ်ထုံးလုပ်နည်းကိုတော့ ကျွန်တော် နားမလည်ဘူးပေါ့။ ဒါပေမယ့်လည်း ကျွန်တော် မလေးရှားမှာအလုပ်တွေ တအားရှုပ်နေတာနဲ့ ဒီကို ပြန်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် ဘူး။ အဲဒါကို တစ်ဖက်ကလည်း သိကြမှာပါ။ ဒါကျွန်တော် သွားပြီဆိုတဲ့ဟာတွေ ကျွန်တော်ဟိုမှာ ဘာတွေ လုပ်နေလည်းဆို ကျွန်တော့်ဖေ့ဘုတ်မှာ့ စိအေနဖြစ်အောင် အမြဲတမ်းတင်ပေးပါတယ်။ အဲဒီအချိန်မှာ တရားရုံးချိန်း ပျက်ကွက်တယ်ပေါ့နော်။ အဲဒီနောက မှာ နောက်ထပ်ရုံးချိန်းကို တစ်ရက်ခြားတွေပဲ နှစ်ခါချိန်းပါတယ်။ ရုံးချိန်းကို တစ်ရက်ခြား နှစ်ခါချိန်းတဲ့ အခါကျတော့ ကျွန်တော်သိသလောက် ပေါ့နော်။ အဲဒီလိုချိန်းတော့ ကျွန်တော် ရုံးချိန်းကို မလာဘူးပေါ့။ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိဘူးပေါ့ဗျာ။
အခုလက်ရှိ ကျွန်တော့် ဘက်ကို တခါပဲစစ်ရသေးတယ်။ ကျွန်တော့်ဘက်က သက်သေတွေကိုလည်း မစစ်ရသေးတဲ့ အနေအထားမျိုးမှာ အမိန့်ချလိုက်တယ်။ ပုဒ်မ တွေတော့ ကျွန်တော် နားမလည်ဘူး။ အမိန့်မှာ ပြောလို့ရှိရင် ကျွန်တော်က မြို့နယ်အဆင့်မှာ ကျွန်တော် ရှုံးသွားတယ်ပေါ့နော်။ အခု ကျွန်တော်က ကျွန်တော့်ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ ဒီအမှုကို ဆက်လက် ပြီးတော့ စစ်ဆေးခွင့်အတွက် အယူခံကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည် တင်ထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တရားရုံးကို ကျွန်တော် ကိုယ်တိုင်တက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘက်က ဘာမှမဖြေရှင်းလိုက်ရဘဲနဲ့ ကျွန်တော့်ဘက်က ခရီးသွားနေတဲ့ အနေအထားတစ်ခုမှာ ရုံးချိန်းကို နှစ်ပတ် တစ်ခါ ချိန်းရာကနေ ကျွန်တော် နိုင်ငံခြားရောက်နေမှန်း သိသိကြီးနဲ့ တစ်ရက် ခြားတစ်ခါချိန်းတဲ့ အခါကျတော့ ကျွန်တော့်ဘက်က ပျက်ကွက်သွားတဲ့ အနေအထားတစ်ခုမှာ ကျွန်တော့်ဘက်က ရှုံးသွားရတဲ့အပေါ်မှာ ပွင့်ပွင့်လင်း လင်းပြောရရင် အမှန်တိုင်းလေး ဖြစ်ချင်တာပေါ့ဗျာ။ အဲဒီအတွက် ကြောင့် တစ်ဖက်ကိုလည်း မထိခိုက် အောင် ကိုယ့်ဘက် အတွက်လည်း အမှန်အတိုင်းဖြစ်အောင် အခုလက်ရှိမှာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။
မေး။ ။ အခုပြင်ဆင်နေပြီဆိုတော့ တရားသူကြီးဘက်ကရော ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးခွင့် ကိုရော လက်ခံလိုက်ပြီလား။
ဆက်လက်ဖော်ပြပါမည်…