အဲဒီလက်ထဲက
ဘဝတွေကို ပုတ်ချလိုက်တော့
အလှတရားတွေ တိမ်ဖုံးသွားတယ်။
မျက်လုံးထဲက
ဒုက္ခမျက်ရည်တွေပြည့်လို့
ဖောက်ပြန်တဲ့စိတ်တို့ရဲ့ လေရိုင်းခေါ်ရာ
စိန်ပန်းပွင့်တွေ မြေမှာကြွေတယ်
ခရေပွင့်တွေ မြေမှာကြွေတယ်
စိတ်ဓာတ်အဆင့်အတန်းတွေ
မြေမှာကြွေတယ်။
ဝေစားမျှစား
လူ့အတ္တသမားတွေရဲ့အောက်မှာ
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်။
ရိုးတံ (ပုလဲနယ်)