Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeMusicသီချင်းတစ်ပုဒ်ကို သုံးနှစ်လောက်နားထောင်ပြီးမှ ပရိသတ်ကို...

သီချင်းတစ်ပုဒ်ကို သုံးနှစ်လောက်နားထောင်ပြီးမှ ပရိသတ်ကို ချပြလေ့ရှိသူ ဖော်ကာ (Wanted)

 

အဆိုတော် ဖော်ကာကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် ‘ရင်ထဲမှ သံစဉ်များ’ တေးစီးရီးမှာ ‘ငါနဲ့မတန်ဘူး’လို့အမည်ပေးထားတဲ့ သီချင်းတစ်ပုဒ်ကို ပါဝင်သီဆိုထားပါတယ်။ သူ့အနေနဲ့ဒီသီချင်းကို ငယ်ငယ်တုန်းက ခံစားမှုနဲ့ ခပ်မာမာသီဆိုခဲ့ရပြီး ၂ဝ၁၂ ခုနှစ်လောက်ကတည်းက ရေးစပ်ထားတဲ့သီချင်း တစ်ပုဒ်ဖြစ်ကြောင်းလည်း သိရပါတယ်။ သူကတော့ သီချင်းတစ်ပုဒ်ကို ဖန်တီးပြီး ကိုယ်တိုင်သုံးနှစ်လောက် နားထောင်ပြီးမှ ပရိသတ်ကို ချပြလေ့ရှိကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။သူ့ရဲ့ပရိသတ်တွေကလည်း သီချင်းအသစ်တွေ တောင်းဆို နေကြပြီး သူကိုယ်တိုင်ကလည်း ၂ဝ၁၈ ခုနှစ်ထဲမှာ ‘စိတ်နဲ့လူ’ လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ဖြစ်ဖို့စီစဉ်ထား ကြောင်းလည်းသိရပါတယ်။ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးနဲ့ ပတ် သက်ပြီး…

“သီချင်းတွေ အားလုံးကတော့ Rock တွေပါပဲ။ Rock တွေဆိုပေမယ့် သီချင်းတွေက ဘဝအကြောင်း သီချင်းတွေ ပိုများ သွားပါတယ်။ အချစ်သီချင်းတွေ နည်းသွားတယ်ပေါ့။ အဲ့ဒါကြောင့် အချစ်သီချင်းတွေထပ်ပြီး နည်းနည်းထည့်ချင်သေးတဲ့အတွက် အချစ် သီချင်းတွေ နည်းနည်းထပ်ရှာနေပါတယ်။ ထွက်မှာကတော့ ဒီ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ကျွန်တော့်မွေးနေ့မှာ ထွက်ဖြစ်ဖို့ စီစဉ်ထားပါတယ်” လို့ပြောပြခဲ့ပါတယ်။

သူပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့ရဲ့Show ပွဲ ကိုလည်း ယခင်နှစ်ကအတိုင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မျှော် စင်ကျွန်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ Show ပွဲနဲ့ပတ်သက်ပြီးWanted  အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ဖော်ကာက အခုလို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့Wanted ရဲ့ Show ပွဲကတော့နီးနေပါပြီ။ ရှေ့နှစ်က ဒီအချိန်ဆိုကြော်ငြာတောင် တက်နေပြီပေါ့နော်။ ဒီနှစ်ကတော့ တမင်ကိုကြော်ငြာမတက်သေးတာ ပါ။ ရှေ့နှစ်က ပထမဆုံးလုပ်ခဲ့တဲ့ပွဲဆိုတော့လည်း စိတ်တွေနည်းနည်း တက်ကြွနေတယ်ပေါ့။ ဒီနှစ်က Show အတွေ့အကြုံတွေလည်း ရှိလာတော့ ဒီလအကုန်လောက်မှ ကြော်ငြာတင်ဖြစ်မှာပါ။ ရှေ့နှစ် ကတော့ သီချင်းအပုဒ် ၃ဝ လောက်တည်ပြီးတော့ ၃၄ ပုဒ်လောက်သီဆို ဖျော်ဖြေခဲ့ပါတယ်။ အချိန်ရမလားမေးပြီး ခိုးခိုးပြီးဆိုတာပေါ့(ရယ် လျက်)။

ဒီနှစ်လည်း အဲဒီအတိုင်းအတာလောက် သီဆိုဖျော်ဖြေသွားမှာ ပါ။ ကျွန်တော်တို့ရဲ့Wanted Show ပွဲကိုတော့ ပရိသတ်တွေကိုလာစေ ချင်ပါတယ်။ အစစအရာအရာအဆင်ပြေတယ်ဆိုရင်တော့ လာခဲ့စေချင်ပါတယ်။ Rockသီချင်းတွေနဲ့ အလွန်ပျော်စရာကောင်းမှာပါ” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071