Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeMusicသီချင်းတစ်ပုဒ်ကို ပရိသတ်ရင်ထဲရောက်အောင် ဘယ်လိုဆိုရမလဲ...

သီချင်းတစ်ပုဒ်ကို ပရိသတ်ရင်ထဲရောက်အောင် ဘယ်လိုဆိုရမလဲ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေး

 

ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးက အခုလက်ရှိမှာ တော့ ဒီဇင်ဘာ ၁၃ ရက်နေ့ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်မယ့် မွေးနေ့ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူက တေးရေးနှလုံးသားရေးသားတဲ့ သီချင်းခွေအတွက် ကိုလည်း အသံသွင်းလျက်ရှိပါတယ်။ သူအသံသွင်းနေတဲ့ စတူဒီ ယိုရှိရာကို သွားရောက်ပြီး အင်တာဗျူးဖြစ်တဲ့အခါမှာတော့ လူငယ်တွေအနေနဲ့ တေးသီချင်းတစ်ပုဒ်ကို ပရိသတ်ရင်ထဲရောက် အောင် ဘယ်လိုသီဆိုရမလဲဆိုတာမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီ အမေးကိုတော့ တေးသံရှင်ကြီး ဒေါ်မာမာအေးက အခုလိုပြန် လည်ပြောကြားလာတာက …

“တို့တုန်းကတော့ သီချင်းတစ်ခုကိုဆိုရမယ်ဆိုရင် သီချင်းရဲ့စာသားကို ကျေကျေညက်ညက်ကြည့်ပြီးတော့ ဘာလုပ်သင့်သလဲဆိုတာကို အရင်ဆုံးစဉ်းစားတယ်။ စာကို လေ့ လာမယ်။ သူကဘာကို ပြောချင်တာလဲဆိုတာ စဉ်းစားပြီးတော့မှ ဒီသီချင်းကို စန္ဒရားဆရာ တစ်ယောက်ယောက်နဲ့တိုက်ရတယ်။ အဲဒီလို သီချင်းတိုက်ရတဲ့အခါကျတော့ ဒီစာသားနဲ့ အသံနဲ့လိုက်လား မလိုက်ဘူးလားဆိုတာလည်း သိပြီလေ။ အဲဒီ့အခါကျတော့ ဘယ်နေရာလေးမှာ လိုသလဲ၊ ဘယ်နေရာ လေးမှာ ဖြည့်သင့်သလဲ၊ သီချင်းကမြူးတာလား၊ လွမ်းတာလားဆိုတာ သီချင်းစာမှာပဲပေါ်တာလေ။ စာကိုကြည့်ပြီး တော့မှ လွမ်းရင်လွမ်းသလို ဆွေးရင်ဆွေးသလို ပျော်ရင်ပျော်သလို စိတ်သွင်းပြီးတော့ ဆိုပြရတယ်။ ဒါကလည်း ထူးပြီးတော့ လုပ်ရတာမျိုး မဟုတ်ဘူး။ အပြင်လောကမှာလည်း ငိုခြင်းရယ်ခြင်း ပျော်ရွှင်ခြင်း ဆွေးမြေ့ခြင်းရှိတာပဲလေ။ ရှိနေတဲ့ သဘာဝအတိုင်းကို ကိုယ်ကဆိုပြလို့ရှိရင် အဆင်ပြေပါတယ်။ တချို့ကလည်း အသံကောင်းမှလို့ပြောကြတယ်။ အန်တီတို့ဆိုရင် တကယ်အသံမကောင်းပါဘူး။ ကိုယ်ကဆိုတတ်လို့ပေါ့လေ။ သီချင်းတစ်ပုဒ်ကို သက်ဝင်အောင် ဆိုလို့ ရတဲ့အတွက်ကြောင့် အန်တီတို့က ရပ်တည်နိုင်တာပါ။ ကိုယ့်ထက် အသံကောင်းတဲ့လူတွေ အများကြီးရှိပါတယ်။ နယ် တွေမှာလည်း အသံကောင်းတဲ့လူတွေဆိုနေကြတာပဲ။ ဒါပေမဲ့ တကယ်စည်းနဲ့ ဝါးနဲ့ တီးပြီးဆိုရင် အဲဒီ့လူတွေက မဆိုနိုင်တော့ဘူး။

အဲဒါက ဝမ်းတွင်းပါ Talent  နဲ့လည်းပတ်သက်လိမ့်မယ်လို့ အန်တီတို့က ယူဆပါတယ်။ အန်တီက တော့ ကိုယ့်အမိအဖကိုက ဂီတသမားတွေလေ။ သူတို့နဲ့ တစ်လျှောက်လုံး အတူတူလိုက်ပါနေတဲ့အခါကျတော့ သင်တန်းကြီးလိုဖြစ်ပြီးတော့ နားထဲမှာ အကုန်ဝင်သွားတယ်။ ပြီးတော့ ဆရာတွေမျိုးစုံအောင်လည်း တွေ့ခဲ့ရတယ်။ သီချင်းတွေလည်း အမျိုးစုံအောင်ဆိုတယ်။ အများကြီးလည်းဆိုတယ်။ နှစ်ပေါင်းများစွာလည်းဆိုတယ်။ အဲဒါကြောင့် ဘယ်သီချင်းမျိုးပဲလာလာ ဘာမှ ပြဿနာမရှိတော့ဘူး။ အဲဒါကြောင့်မို့ များများဆိုပါ။ များများနားထောင်ပါ။ သူများတွေ ဆိုနေတဲ့အချိန်မှာ ငါဆိုတဲ့အခါ ဘယ်လိုဆိုမလဲဆိုပြီး စဉ်းစားပြီးတော့ သီချင်းတစ်ပုဒ်ကိုလေ့လာပါ။ အဲဒီလိုဆိုရင် ကောင်းလာမှာပါ” လို့ ပြောပြခဲ့ပါတယ်။ ဂန္တဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးက သူ့ရဲ့မွေးနေ့အမှတ်တရ ဖျော်ဖြေ ပွဲကို ရန်ကုန်နဲ့ မန္တလေးတို့မှာပြုလုပ်လို့ပြီးသွားရင် သူနေထိုင်ရာ အမေရိကန်နိုင်ငံဆီကို ပြန်သွားမယ်လို့ သိရပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071