Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeCelebrities' Newsသီချင်းဆိုပြိုင်ပွဲအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့လူငယ်တွေအပေါ် နီနီခင်ဇော်...

သီချင်းဆိုပြိုင်ပွဲအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့လူငယ်တွေအပေါ် နီနီခင်ဇော် ဘယ်လိုမြင်ခဲ့လဲ

ဒီနှစ်က နီနီ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်တဲ့ အထိမ်းအမှတ်ပေါ့နော်။ ၁ဝနှစ်ပြည့်အထိမ်းအမှတ်မှာ နီနီ့ရဲ့တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ရန်ကုန်မှာ ၂ ရက် ဆက်တိုက်ကျင်းပနိုင်ခဲ့တယ်။ အဲဒီအတွက် ပျော်လည်း ပျော်တယ်။ နီနီ ငယ်ငယ်ကမက်ခဲ့တဲ့ အိပ်မက်တွေကို ၁ဝ နှစ် ပြည့်မှာ အကောင်အထည်ဖော်လိုက် နိုင်တယ်လို့ထင်ပါတယ် . . .

နီနီခင်ဇော်ရဲ့ ဂီတသက်တမ်းက အခုဆိုရင် ၁ဝ နှစ်တင်းတင်းပြည့်ခဲ့ပါ ပြီ။ 2008 Melody World Winner တစ်ယောက်အဖြစ် ဂီတလောကထဲ ကို စတင်ဝင်ရောက်ခဲ့တဲ့ နီနီခင်ဇော် မှာ ထူးခြားတဲ့အသံ ပါရမီရှိတယ်။ နီနီခင်ဇော်သီဆိုတဲ့ သီချင်းအပုဒ် တော်တော်များများက မပေါက်တာ ရှားတယ်။ အဲဒါ သူမရဲ့ ထူးခြားချက် ပါ။ ‘မာရီယို’၊ Super Redနဲ့ U ‘ ဆိုတဲ့ တစ်ကိုယ်တော်အခွေတွေထွက် ရှိထားပြီးဖြစ်တဲ့ နီနီခင်ဇော်က လက် ရှိ အောင်မြင်မှုရရှိနေတဲ့ အဆိုတော် တွေစာရင်းထဲမှာ အပါအဝင်ပါ။ နီနီ ဖြတ်သန်းခဲ့ပြီးတဲ့ ၁ဝ နှစ်တာကာလ ကို ပြန်လည်သုံးသပ်လိုက်မယ်ဆိုရင် ဘာတွေပြန်မြင်ယောင်မလဲလို့ဆို တော့ …

“၁ဝ နှစ်တာကာလလုံးမှာ ခက် ခက်ခဲခဲပဲ ဖြတ်သန်းခဲ့ရတယ်။ ဒါပေ မဲ့လည်း ချစ်တဲ့ပရိသတ်တွေအားလုံး ရဲ့ ခွန်အားနဲ့ နီနီ့မှာ အခက်အခဲကို အခက်အခဲလို့တောင် မြင်ချိန်မရ လိုက်ပါဘူး။ တကယ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် ၁ဝ နှစ်တာလုံးလုံး နီနီ နဲ့အတူ လက်တွဲပေးခဲ့တဲ့ ချစ်တဲ့ပရိ သတ်တွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ နီနီMelody Worldကနေ စပြီးတော့ အခု ဒီ ၂ဝ၁၈ ခုနှစ်ဆိုရင် ၁ဝ နှစ်ပြည့်ခဲ့ပါပြီ။ ဒါကြောင့်မို့လို့ တောက်လျှောက်အားပေးခဲ့တဲ့ ပရိ သတ်တွေ အားနဲ့ ကြိုးစားခဲ့ခြင်းဖြစ်ပါ တယ်”လို့ နီနီခင်ဇော်ကပြောပါတယ်။

အခုခေတ်ဆိုရင် နီနီတို့ခေတ် မှာတုန်းကထက် မျိုးဆက်တစ်ခုဖြစ် သွားပြီ။ ဒီဘက်ခေတ်လူငယ်တွေကို ကော နီနီဘယ်လိုမြင်လဲ။ ကိုယ်တိုင် လည်း The Voice Myanmar မှာ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ဆောင် ရွက်ခဲ့ဖူးလေတော့လို့ ဆိုတော့ …

“နီနီကိုယ်တိုင်ကလည်း လူငယ် လည်းဖြစ်တယ်။ ပြီးတော့ သူတို့ လျှောက်ခဲ့တဲ့လမ်းမှာပဲ ကိုယ်လည်း လျှောက်လာခဲ့တာဖြစ်တဲ့အတွက် သူတို့ကို အများကြီးအကြံဥာဏ်တွေပေးနိုင်ခဲ့တယ်လို့ထင်တယ်။ ကိုယ် တစ်ချိန်တုန်းက မှားခဲ့တဲ့ အနုပညာ အမှားလေးတွေ မမှားမိအောင်လို့ မောင်နှမတွေကှို့မေန ခွင့်ရခဲ့ တယ်။ နီနီတို့ပြိုင်ခဲ့ရတာထက် အဆ ပေါင်းများစွာ စိတ်ပင်ပန်းတယ်။ ကိုယ့်အဖွဲ့ထဲကလူတွေ သီချင်းဆိုနေ တဲ့အချိန်မှာ ကိုယ်သာပြေးဆိုချင် လိုက်တော့တယ်။ အမှားအယွင်းဖြစ် မှာလည်း စိုးရိမ်တယ်။ ဘာပဲပြော ပြော အခုခေတ်လူငယ်တွေက နီနီတို့ ထက် အများကြီးတော်ပါတယ်။ Talents ပိုင်းမှာလည်း နီနီတို့ထက် အများကြီးသာပါတယ်” လို့ သူက ပြောပါတယ်။ နီနီ့ရဲ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်မှာလည်း တစ်ကိုယ်တော် ရှိုးပွဲလုပ်ခဲ့သေးတယ်နော်၊ ကျေနပ် ခဲ့ရဲ့လားလို့မေးတော့ …

“ဒီနှစ်က နီနီ့ ဂီတသက်တမ်း ၁ဝ နှစ်ပြည့်တဲ့အထိမ်းအမှတ်ပေါ့ နော်။ ၁ဝနှစ်ပြည့်အထိမ်းအမှတ်မှာ နီနီ့ရဲ့တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲကို ရန်ကုန်မှာ ၂ ရက် ဆက်တိုက် ကျင်းပနိုင်ခဲ့တယ်။ အဲဒီအတွက် ပျော်လည်း ပျော်တယ်။ နီနီ ငယ်ငယ် ကမက်ခဲ့တဲ့ အိပ်မက်တွေကို ၁ဝ နှစ် ပြည့်မှာ အကောင်အထည်ဖော်လိုက် နိုင်တယ်လို့ထင်ပါတယ်။ နီနီလည်း အားရ ကျေနပ်မှု အပြည့်အဝရှိပါ တယ်”လို့ နီနီက ပြောပါတယ်။ ဆက် လက်ပြီး နီနီခင်ဇော်က …

“၁ဝ နှစ်ပြည့် အမှတ်တရလည်း ဖြစ်တယ်။ သီချင်းတွေကလည်း ၈ ပုဒ်လောက် အသစ်လုပ်ထားတော့ အခွေပြန်ထုတ်ဖို့တော့ စီစဉ်နေပါ တယ်”လို့ ၁ဝ နှစ်ပြည့်အမှတ်တရစီး ရီးခွေထုတ်ဖို့အကြောင်း ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071