နေမင်းက အောက်တိုဘာလ မှာ ဒါရိုက်တာနေသူရိန် ရိုက်ကူးမယ့် စာရေးဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ) ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း လေးဖြစ်တဲ့ ‘မုန်တိုင်းကိုရင်ဆိုင်ခဲ့ သူတွေ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဆရာမ မေ သင်္ကြန်ဟိန်ရဲ့ ခင်ပွန်းနေရာမှာ နေမင်းက သရုပ်ဆောင်မှာပါ။ နေမင်းပါဝင်သရုပ်ဆောင် ထားတဲ့ ‘သိုက်ကလာတယ် စကား မပြောဘူး’ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်က ရုံတင်ပြသခဲ့ရာမှာ တစ်ခဲနက် ပရိသတ်အားပေးမှုတွေ ရရှိခဲ့ပါတယ်။ လတ်တလောမှာ လည်း အဆိုပါဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ ‘သိုက်ကလာတယ်’ ဆိုတဲ့ စကားက အွန်လိုင်းစာမျက်နှာ ထက်မှာ ရေပန်းစားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နေမင်းက…
“ဒီဇာတ်ကားကိုရုံတင်ပြသတဲ့ အချိန်မှာကျွန်တော့်စိတ်ထဲမှာ ဒီ ဇာတ်ကားကို လိပ်ပြာမလုံတဲ့ဇာတ် ကားပါ၊ ဟာသဇာတ်ကားလည်း ကျွန်တော်မရိုက်ဖူးဘူး၊ ဒီ ဇာတ်ကား ကို ရိုက်ကူးပြီးတဲ့ အချိန်မှာလည်း ကျွန်တော်ကြောက်တယ်၊ ကိုယ် မလုပ်ဖူးတာ လုပ်ထားတာဆိုတော့ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်မိ တယ်၊ ပရိသတ်က အခုလို အားပေး တဲ့အတွက် ကျေးဇူးလည်း တင်ပါ တယ်၊ မနေ့ကဆို ကျွန်တော် ၄ နှစ်လောက် မကြားရတဲ့ ဖုန်း တစ် လုံးဝင်တယ်၊ ကျွန်တော့်ကို ‘သိုက် ကလာတာ’ နဲ့ ပတ်သက်ပြီးတော့ ကြော်ငြာရိုက်ကူးဖို့အတွက် လှမ်း ပြောတယ်၊ ကြော်ငြာဘယ်တုန်းက မှလည်း မရိုက်ခဲ့ဘူး၊ ကျွန်တော်နဲ့ အဆင်မပြေဘူးလို့ ခံစားခဲ့ရတယ်၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အတွက် ကျေးဇူးလည်း တင်တယ်။ ကျွန်တော်ရိုက်ကူးမယ်လို့ ပြောလိုက်တယ်။ ပြောလိုက်တဲ့အချိန် မှာ ကျွန်တော့်ကို ဈေးကိစ္စပြောတဲ့ အချိန်မှာ ကျွန်တော်ဈေးကိစ္စ မပြောတော့ဘူး။ ကျွန်တော့်ကို အင်္ကျီပေးချင်သလောက်ပဲပေး။ ကျွန်တော် အလကား ရိုက်ကူးပေး မယ်လို့ ပြောလိုက်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါက အထိမ်းအမှတ် တစ်ခုပါပဲ။ အဲဒီအင်္ကျီလေးကို ကျွန်တော့် Facebook ကFriend တွေနဲ့ ကျွန်တော့် Fan တွေကို ပေး သွားမယ်လို့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။
တွယ်တာ