Sunday, May 3, 2026

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

ခန္တီးမြို့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်း‌တောင်ပေါ်ရှိ မြို့ညွှန့်ဗိမာန်တော်တွင် မေလ (၂) ရက်၊ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ခန္တီးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်...

ဧရာဝတီတိုင်းအတွင်းရှိ ဂရန်အင်း၊ တင်ဒါချက်များအား ခရိုင်ရုံးစိုက်ရာမြို့များတွင်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ ငါးလုပ်ငန်းရာသီအတွက် လေလံရောင်းချမည့် ဂရန်အင်း၊တင်ဒါချက်များအား ခရိုင်ရုံးစိုက်ရာ မြို့များတွင် သက်မှတ်ရက်များအလိုက် မေလအတွင်း အပြီးရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဂရန်အင်း/တင်ဒါချက်များနှင့် ပတ်သက်၍...
HomeNewsLocal Newsမုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက် တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ (၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရေး၊ ကမ်းနားလမ်းတလျှောက် ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စရေး၊ တာရိုးများပေါ်ရှိ ကွန်ကရစ်လျှောက်လမ်းများ ကောင်းမွန်စေပြီး မြို့နေပြည်သူများလမ်းလျှောက် အပန်းဖြေပြုလုပ်နိုင်ရေးနှင့် လျှပ်စစ်မီးတိုင်များ၊ ခုံများနှင့် ပန်းအလှပင်များ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ ချင်းတွင်းမြစ်အတွင်းမှ မြစ်ကြောင်းများတွင် မော်တော်၊ သ‌င်္ဘောများ ရာသီမရွေးသွားလာနိုင်ရေး၊ မြစ်ကမ်းများ ရေတိုက်စားပြီး ကမ်းများပြိုကျမှုမရှိစေရေးအတွက်လုပ်ငန်းရှင်များအနေဖြင့် ချင်းတွင်းမြစ်အတွင်းမှ မြစ်သဲ၊ ကျောက် ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ချင်းတွင်းမြစ် ရေစီးရေလာကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အလေးထားလုပ်ကိုင်ဆောင်ရွက်သွားကြရန် ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးချင်းတွင်း သင်္ဘောကျင်းဌာနခွဲ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် ဆိပ်ကမ်းတွင် ထားရှိသည့် သင်္ဘောအဟောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးကိုလည်း မှာကြားခဲ့သည်။

ထို့ပြင် မုံရွာမြို့၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားပြည်သူများဘေးကင်းစွာဖြင့် သွားလာနိုင်ရေး၊ ရေကြောင်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေယာဉ်များစနစ်တကျသွားလာနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြးရန် မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

ခန္တီးမြို့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်း‌တောင်ပေါ်ရှိ မြို့ညွှန့်ဗိမာန်တော်တွင် မေလ (၂) ရက်၊ နေ့လယ်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ ခန္တီးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူတို့က မိတ်ဆက်စကားပြောကြားပြီး လွှတ်တော်တွင်ဆွေးနွေးခဲ့ကြသည်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက ဒေသအတွင်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာကြသည့် ပြည်သူများက မိမိတို့၏ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် လွှတ်တော်အသီးသီးတွင် ပြန်လည်တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071