Monday, June 23, 2025

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင်...

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊...

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင်...

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး...

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း...
HomeCelebrities' Newsသိုက်ကလာတယ် စကားမပြောဘူး အင်္ကျီ...

သိုက်ကလာတယ် စကားမပြောဘူး အင်္ကျီ ကြော်ငြာရိုက်ကူးမယ့်

နေမင်းက အောက်တိုဘာလ မှာ ဒါရိုက်တာနေသူရိန် ရိုက်ကူးမယ့် စာရေးဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ) ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း လေးဖြစ်တဲ့ ‘မုန်တိုင်းကိုရင်ဆိုင်ခဲ့ သူတွေ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ဆရာမ မေ သင်္ကြန်ဟိန်ရဲ့ ခင်ပွန်းနေရာမှာ နေမင်းက သရုပ်ဆောင်မှာပါ။ နေမင်းပါဝင်သရုပ်ဆောင် ထားတဲ့ ‘သိုက်ကလာတယ် စကား မပြောဘူး’ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်က ရုံတင်ပြသခဲ့ရာမှာ တစ်ခဲနက် ပရိသတ်အားပေးမှုတွေ ရရှိခဲ့ပါတယ်။ လတ်တလောမှာ လည်း အဆိုပါဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ ‘သိုက်ကလာတယ်’ ဆိုတဲ့ စကားက အွန်လိုင်းစာမျက်နှာ ထက်မှာ ရေပန်းစားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နေမင်းက…

“ဒီဇာတ်ကားကိုရုံတင်ပြသတဲ့ အချိန်မှာကျွန်တော့်စိတ်ထဲမှာ ဒီ ဇာတ်ကားကို လိပ်ပြာမလုံတဲ့ဇာတ် ကားပါ၊ ဟာသဇာတ်ကားလည်း ကျွန်တော်မရိုက်ဖူးဘူး၊ ဒီ ဇာတ်ကား ကို ရိုက်ကူးပြီးတဲ့ အချိန်မှာလည်း ကျွန်တော်ကြောက်တယ်၊ ကိုယ် မလုပ်ဖူးတာ လုပ်ထားတာဆိုတော့ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်မိ တယ်၊ ပရိသတ်က အခုလို အားပေး တဲ့အတွက် ကျေးဇူးလည်း တင်ပါ တယ်၊ မနေ့ကဆို ကျွန်တော် ၄ နှစ်လောက် မကြားရတဲ့ ဖုန်း တစ် လုံးဝင်တယ်၊ ကျွန်တော့်ကို ‘သိုက် ကလာတာ’ နဲ့ ပတ်သက်ပြီးတော့ ကြော်ငြာရိုက်ကူးဖို့အတွက် လှမ်း ပြောတယ်၊ ကြော်ငြာဘယ်တုန်းက မှလည်း မရိုက်ခဲ့ဘူး၊ ကျွန်တော်နဲ့ အဆင်မပြေဘူးလို့ ခံစားခဲ့ရတယ်၊ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အတွက် ကျေးဇူးလည်း တင်တယ်။ ကျွန်တော်ရိုက်ကူးမယ်လို့ ပြောလိုက်တယ်။ ပြောလိုက်တဲ့အချိန် မှာ ကျွန်တော့်ကို ဈေးကိစ္စပြောတဲ့ အချိန်မှာ ကျွန်တော်ဈေးကိစ္စ မပြောတော့ဘူး။ ကျွန်တော့်ကို အင်္ကျီပေးချင်သလောက်ပဲပေး။ ကျွန်တော် အလကား ရိုက်ကူးပေး မယ်လို့ ပြောလိုက်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါက အထိမ်းအမှတ် တစ်ခုပါပဲ။ အဲဒီအင်္ကျီလေးကို ကျွန်တော့် Facebook ကFriend  တွေနဲ့ ကျွန်တော့် Fan တွေကို ပေး သွားမယ်လို့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071