Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeMusicသားဖြစ်သူ ဇော်ဝင်းထွဋ်အကြောင်းပြောပြတဲ့ တေးသံရှင်ကြီးထား

သားဖြစ်သူ ဇော်ဝင်းထွဋ်အကြောင်းပြောပြတဲ့ တေးသံရှင်ကြီးထား

တေးသံရှင်ကြီးထားက သူ့ရဲ့သားနှစ်ဦးဖြစ်တဲ့ ဇော်မျိုးထွဋ်နဲ့ ဇော်ဝင်းထွဋ်တို့ ညီအစ်ကိုနှစ်ဦးကို ငယ်စဉ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ တစ်ယောက်ကို စောင်းသင်ခိုင်းပြီး တစ်ယောက်ကိုပတ္တလားသင်ခိုင်းစေခဲ့ပါတယ်။ ဒီလို သင်ခိုင်းစေခဲ့ခြင်းကလည်း နက်နဲလှတဲ့ မြန်မာ့ဂီတကို သူ့တို့ရဲ့ရင်ထဲကိုသွင်းပေးလိုက် ခြင်းဖြစ်တယ်လို့တေးသံရှင်ကြီးထားက ပြောပါတယ်။

 

“ဒါကြောင့်လည်း ညီထွဋ်က သူ့ရဲ့မျိုးရိုးကြောင့်လည်းပါသလို ငယ်ငယ်က သူ့ကို သန္ဒေတည်ပေးခဲ့တာကြောင့်လည်း မြန်မာသံအပေါ်မှာ လေးလေးစားစားရှိတယ်။ မြတ်နိုးတယ်။ သူကိုယ်တိုင်ကလည်း မြန်မာသံကိုဆိုတတ်တယ်။ သူ့အသံကြီးနဲ့ မလိုက် လို့သာ သူကမဆိုတာပါ။ ပြီးတော့ ညီထွဋ်ကိုငယ်ငယ်လေးကတည်းက သင်ထားတယ်။ မေမေရဲ့ ဂီတသမားလူကြီးတွေကို လေးလေးစားစားဆက်ဆံရမယ်လို့ သွန်သင်ခဲ့တယ်။ ဒါကြောင့်ညီထွဋ်ကလည်း လူကြီးတွေအကုန်လုံးကို လေးစားပါတယ်”လို့ သားဖြစ်သူကိုဇော်ဝင်းထွဋ်နဲ့ပတ်သက်လို့ တေးသံရှင်ကြီးထားကပြောပြပါတယ်။

ဆက်လက်ပြီးလည်း တေးသံရှင်ကြီးထားကို သူ့ရဲ့မြေးဖြစ်တဲ့ အီးတိုးနဲ့ပတ်သက် လို့လည်း မေးမြန်းတဲ့အခါမှာတော့ “အီးတိုးနဲ့ပတ်သက်လို့ကတော့ အီတိုးဘာလုပ်နေလဲ ဆိုတာမသိဘူး။ သူတို့ခေတ်ကို အန်တီလိုက်မမီဘူး။ ညီထွဋ်ခေတ်ကိုတော့ အန်တီ မီသေးတယ်။ ခံစားတတ်သေးတယ်။ အီးတိုးတို့ကြတော့ သူတို့ကတီထွင်နေတယ်။ သူကတော့ပြောပြပါတယ်။ သားဘယ်လိုတွေလုပ်နေတယ်ပေါ့။ ဒါပေမယ့် ကိုယ်နား မလည်ဘူးလေ”လို့ ပြောပြပါတယ်။ တေးသံရှင်ကြီးထားက ဒေါ်မာမာအေးရဲ့ မွေးနေ့ဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုပေးဦးမှာဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာသံလောကနဲ့ပတ်သက်လို့လည်း အခုလိုဆက်လက်ပြော ပြခဲ့တာက…

“တစ်ခါတလေတော့လည်း စိတ်တော့မကောင်းဘူး။ ခေတ်ကလည်း ခေတ်ပေါ့လေ။ ညီထွဋ်တို့ခေတ်ကနေ ပြောင်းလာတာပုံစံလေးတွေကိုမနည်းတော့ဘူး ပေါ့လေ။ ဒါပေမယ့် ဘယ်လောက် ပြောင်းလာ ပြောင်းလာ ပြောင်းလာတာသည် အန်တီတို့ရဲ့မြန်မာမှုမဟုတ်ဘူး။ သူ့ခေတ်နဲ့သူတို့ နိုင်ငံတကာနဲ့ခေတ်မီအောင် ပြောင်းလဲတဲ့သဘောပဲရှိတယ်။ အန်တီတို့ရဲ့မြန်မာမှုအစစ်တို့မဟုတ်ဘူးပေါ့။ အဲဒီတော့ မြန်မာတွေသည်ကိုယ့်ရဲ့မြန်မာမှု အစစ်ကိုတော့မမေ့မလျော့ကြနဲ့လို့တော့ အားလုံးကို အန်တီပြောချင်ပါတယ်”လို့ တေးသံရှင်ကြီးထားက သြဝါဒစကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071