ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်းရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က စက်တင်ဘာ ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတာဝန်ရှိသူများက အရှေ့ပိုင်းခရိုင်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ AMI စနစ်သုံး Digital Smart Meter များ လဲလှယ်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
