ကုန်စည်ပို့ဆောင်ရေး (Logistics) နှင့် ကုန်သွယ်မှု ကဏ္ဍတို့တွင် ကုန်း၊ ရေ၊ လေ၊ ရထားလမ်း စသည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိုပေါင်းစပ်အသုံးပြုခြင်းကို နားလည်စေမည့်သင်တန်းတစ်ခု ဖွင့်လှစ်မည်ဟုသိရသည်။ ASEAN ဒေသတွင်း ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လော့ဂျစ်စတစ် (Trade, Transport & Logistics) ကဏ္ဍဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MMMDA နှင့် Aim Forward Training Center တို့ ပူးပေါင်း၍ အဆိုပါသင်တန်းဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သင်တန်းကို ASEAN အဆင့် အသိအမှတ်ပြု ASEAN Logistics Institute (ALI) ၏ သင်ရိုးညွှန်းတမ်းများကို အခြေခံထားပြီး ယခုလကုန် ဇူလိုင် ၃၁ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းတွင် လေ့လာသင်ယူရမည်များမှာ Multimodal Transport ၏ အခြေခံသဘောတရား (Concept) များ သယ်ယူပို့ဆောင်ရေး အမျိုးအစားများ (Transport Modes) ကို ထိရောက်စွာ ပေါင်းစပ်အသုံးပြုပုံ Logistics နှင့် Supply Chain လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုများ လက်တွေ့လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် အခြေခံကျသော အသိပညာနှင့် နည်းဗျူဟာများ စသည်တို့ပါဝင်မည်။ သင်တန်းမှ သဘောတရားများကို စနစ်တကျ နားလည်သဘောပေါက်ခြင်း ၊သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို ချိတ်ဆက်နိုင်ခြင်း ၊မိမိ၏ အသက်မွေးဝမ်းကျောင်း အနာဂတ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းတို့ကို ရရှိစေနိုင်သည်။ သင်တန်း အသေးစိတ်အချက်အလက်များ အား မသူဇာ 0943053601 / ကိုသစ်နိုင်ထွဏ်း 09883312131 ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သင်တန်းအပ်နှံရန် Google form link https://forms.gle/kbwxGNDzBJM7abE69
