Thursday, December 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ်...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ...

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့်...

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း...
HomeNewsEntertainment Newsသမ္မတကြီး ဦးထင်ကျော် (ငြိမ်း)အား...

သမ္မတကြီး ဦးထင်ကျော် (ငြိမ်း)အား ချစ်ခင်လေးစားသော ပြည်သူများ၏ ဒုလ္လဘ စုပေါင်းရဟန်းခံပွဲတွင် ဖျော်ဖြေမည့် အငြိမ့်နှစ်ဖွဲ့

 

သမ္မတကြီး ဦးထင်ကျော် (ငြိမ်း)ကို ချစ်ခင်လေးစားသော ပြည်သူများရဲ့ ဒုလ္လဘ စုပေါင်းရဟန်းခံပွဲကို ဧပြီလ ၆ ရက်နေ့ မှော်ဘီမြို့၊ ရွှေညဝါဆရာတော်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါဂုဏ်ပြုအလှူပွဲမှာ သီးလေးသီး အငြိမ့်အဖွဲ့နဲ့ လူရွှင်တော်ဦးမေတ္တာတို့ရဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့တို့မှ မှော်ဘီမြို့ ရွှေညဝါဆရာတော် ကျောင်းတိုက်မှာ နှစ်ညတိုင်တိုင် မေတ္တာနဲ့ အားဖြည့်ဂုဏ်ပြုကာ ကပြဖျော်ဖြေကြမှာ ဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ ၅ ရက်နေ့ ရဟန်းလောင်းများ ဆံချပြီးတဲ့ညမှာ သီးလေးသီးအငြိမ့်အဖွဲ့မှ အလှူမင်္ဂလာပွဲ စတင်သည့် အထိမ်းအမှတ် အဖြစ် ကပြဖျော်ဖြေမှာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့ညမှာတော့ ဒီဂုဏ်ပြုအလှူပွဲကြီး အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ လူရွှင်တော်ကြီး ဦးမေတ္တာတို့ရဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီကုသိုလ်ပြု ဂုဏ်ပြုပွဲမှာ အနုပညာနဲ့ ပါဝင်ဖျော်ဖြေပေးခွင့်ရတဲ့အပေါ် မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှ ဦးမေတ္တာရဲ့သား မေတ္တာမြင့်မြတ်ဟိန်းက…

“ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ပြီး အုပ်ချုပ်ခဲ့တဲ့ သမ္မတကြီး ဦးထင်ကျော်(ငြိမ်း)ကို လေးစားချစ်ခင်သူတွေရဲ့ ဂုဏ်ပြုအလှူပွဲမှာ ကျွန်တော်တို့ မေတ္တာရွှေစင်အဖွဲ့အနေနဲ့ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါ ပီတိ ဖြစ်ရပါတယ်လို့ အဖွဲ့ကိုယ်စားပြောချင်ပါတယ်။ ကျွန်တော်တို့မှာ အရင်ပွဲတွေထက် ဒီပွဲကပိုပြီးတာဝန်ကြီးပါတယ်။ အစစ အရာရာပေါ့။ နောက်ပြီး ဒီပွဲလေးက ကျွန်တော်တို့အဖွဲ့ကိုယ်တိုင် ပွဲကို စသိကတည်းက ဘယ်လိုဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာပါ။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံကိုခေါင်းဆောင်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်ကိုလည်း ကိုယ်တတ်နိုင်တဲ့ အနုပညာအားလေးနဲ့ ဂါရဝပြု ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်တို့ နိုင်ငံကို ပြောင်းလဲမှုတွေနဲ့ ကောင်း အောင် ခေါင်းဆောင်ခဲ့တဲ့ ဦးထင်ကျော်နဲ့ဇနီး ကျန်းမာရွှင်လန်းပါစေ” လို့ ဂုဏ်ယူပီတိစကားကို ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071